ခေါ်ရန် ကြိုးပမ်း

October 22, 2019

ရီးရဲလ်မက်ဒရစ်အသင်းက တိုက်စစ်မှူးဆန်ချိုနှင့် ဟာလန်းကို ခေါ်ရန် ကြိုးပမ်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုနဲ့ ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုတပတ် လာလီဂါပွဲစဉ်မှာ မာယော့ကာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ရပြီး တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။  ဒါကြောင့် အသင်းရဲ့ ကစားသမားအင်အား ပိုမိုအားကောင်းလာဖို့အတွက် ဒေါ့မွန် အသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျော်ဒန်ဆန်ချိုကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။  ဒါ့အပြင် ဆဲလ်ဘက်အသင်းမှာ ခြေစွမ်းပြနေပြီး ဥရောပ ထိပ်တန်းကလပ်အများစုရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်မယ်လို့ စပိန် မီဒီယာ အယ်ဒက်စ်မာကေးကို ကိုးကားပြီး ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။  ဒေါ့မွန် တိုက်စစ်မှူး ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက စုစုပေါင်း ၁၂ ဂိုး သွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ သြစတြီးယားကလပ် ဆဲလ်ဘက် တိုက်စစ်မှူး ဟာလန်ဟာလည်း အခုနှစ်ရာသီ ၁၆ ပွဲ ကစားအပြီးမှာ ၁၉ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။
2 years Ago
Up