ခေါ်ယူသင့်

December 30, 2019

ဟယ်ရီကိန်းကို ရီးရဲလ်ခေါ်ယူသင့်ဟု ဂန္ထဝင်ကစားသမား ဆန်းချက်ဇ်ပြော

ပေါင်သန်း ၂၀၀ လောက် ပေးခဲ့ရရင်တောင် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဟယ်ရီကိန်းလို တိုက်စစ်မှူးမျိုးကို မဖြစ်မနေ ခေါ်ယူသင့်တယ်လို့ ဂန္ထဝင်ကစားသမား ဟူဂို ဆန်းချက်ဇ်က ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ပင်တိုင်ဂိုးသွင်းယူပေးဖို့အတွက် ဘန်ဇီမာ တဦးတည်းကို အားထားနေရပေမယ့် အသက်အရွယ်အရ အကျပိုင်းကို ရောက်လာလို့ မျှော်မှန်းထားသလောက် ဂိုးသွင်းယူနိုင်ခြင်း မရှိတာပါ။  ဘန်ဇီမာဟာ လက်ရှိမှာတော့ ရော်နယ်ဒိုရဲ့ နေရာကို အစားဝင်ကစားပေးနေပေမယ့် အနိုင်ရရှိဖို့ လိုအပ်နေချိန်မှာ အဆုံးသတ် ပိုမိုသေချာတဲ့ ကျောနံပါတ် ၉ ကစားသမားစစ်စစ် လိုအပ်နေတယ်လို့ ဟူဂိုဆန်းချက်ဇ်က ပြောကြားခဲ့ပါတယ်။ အဲဒီနေရာအတွက် ဟယ်ရီကိန်းကတော့ အသင့်လျော်ဆုံးဖြစ်လို့ မဖြစ်မနေ ခေါ်ယူသင့်ပေမယ့် ဥက္ကဋ္ဌ ပီးရက်ဇ်အနေနဲ့ ပိုကောင်းတဲ့ အစီအစဉ်တွေရှိပြီး ဖြစ်မယ် ယုံကြည်ကြောင်း ပြောပါတယ်။
2 years Ago

December 7, 2019

ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူသင့်ဟု မန်ယူကို ဆာဟာ တိုက်တွန်း

မန်ယူအသင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူသင့်တယ်လို့ တိုက်စစ်မှူးဟောင်း ဆာဟာက တိုက်တွန်းလိုက်ပါတယ်။ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဆာဟာက အသင်းရဲ့ တိုက်စစ်ကစားပုံနဲ့ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေတာကြောင့် ကာဗာနီကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့တာပါ။  ဥရုဂွေးကစားသမား ကာဗာနီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းပြည့်တော့မှာဖြစ် ပြီး ဒဏ်ရာပြဿနာတွေကြောင့် ၁၀ ပွဲပဲ ကစားခွင့်ရသေးတာ ဖြစ်ပါတယ်။  မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီမှာ ကစာသမားသစ်ခေါ်ယူဖို့ အလိုအပ်ဆုံး အသင်းဖြစ်ကြောင်း၊ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် လက်ထက်က ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ဖို့ လက်တွန့်လေ့ရှိပေမယ့်လည်း လက်ရှိအချိန်မှာတော့ အရင်က အခြေအနေနဲ့ မတူတာကြောင့် ကာဗာနီကို ခေါ်ယူသင့်ကြောင်း ဆာဟာက မန်ယူအသင်းကို တိုက်တွန်းသွားခဲ့ပါတယ်။
2 years Ago
Up