မန်ယူနိုက်တက်အသင်းဟာ ဆန်ချိုကိုခေါ်ဖို့ လက်လျှော့လိုက်ပြီး ကော်စတာ၊ ဂါရတ်ဘေးလ်နဲ့ ပါရီဆစ်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းက ဆန္ဒရှိခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်အထိ ပေးချေရမှာကို ရှောင်လွဲလိုတာကြောင့် လက်လျှော့ လိုက်ပြီလို့ တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြပါတယ်။
ဆန်ချိုကို လက်လျှော့လိုက်ပေမယ့် တခြားတောင်ပံတိုက်စစ်ကစားသမား ၃ ဦးကို ပစ်မှတ် ထားနေပြီး ဂျူဗင်တပ်က ဒေါက်ဂလပ်ကော်စတာ၊ ရီးရဲလ်က ဂါရတ်ဘေးလ်နဲ့ အင်တာမီလန်က ပါရီဆစ်တို့ကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ကော်စတာဟာ ဒဏ်ရာပြဿနာတွေ ရှိတက်တာကြောင့် ဂျူဗင်တပ်က ရောင်းချဖို့ရှိသလို ဂါရတ်ဘေးလ်ကိုလည်း ရီးရဲလ်မက်ဒရစ်က ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။
ဘိုင်ယန်အသင်းမှာ အငှားကစားခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားပါ ရယူနိုင်ခဲ့တဲ့ ပါရီဆစ်က တော့ အင်တာမီလန်မှာ ပြန်ရောက်နေပြီဖြစ်ပြီး ကမ်းလှမ်းမှုရှိလာရင် လက်ခံစဉ်းစားဖွယ်ရှိတယ်လို့ သိရ ပါတယ်။
7 months Ago