ဗဟိုနောက်ခံလူ တစ်ဦးခေါ်ယူဖို့ မသေချာသေးကြောင်း လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးဗဟိုခံစစ်မှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်နဲ့ မာတစ်တို့ ဒဏ်ရာရနေပြီး ကွင်းလယ်လူ ဟန်ဒါ ဆန်ကို ဗဟိုခံစစ်မှူးနေရာမှာ ပြောင်းလဲအသုံးပြုနေရတာပါ။
ချန်ပီယံဆုအတွက်လည်း အရေးပါတဲ့ အချိန်ဖြစ်ပေမဲ့ အခုအပြောင်းအရွှေ့ဈေးကွက်မှာ နောက်ခံလူ တစ်ဦးခေါ်ယူဖို့ မသေချာသေးဘဲ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေရှိတယ်လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး ၂ ပွဲ သရေ ၁ ပွဲ ရှုံးခဲ့တာပါ။
လီဗာပူးအသင်းဟာ ဒီကနေ့ အက်စ်တွန်ဗီလာနဲ့ အက်ဖ်အေဖလားပွဲစဉ် ကစားဖို့ ရှိပေမဲ့ ဗီလာအသင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့သူတွေ တွေ့ရှိခဲ့တာကြောင့် ပွဲစဉ်ရွှေ့ဆိုင်းရဖို့ ရှိနေပါတယ်။
2 months Ago