ခေါ်ယူမည့် အသင်း

October 20, 2019

ကာဗာနီကို ခေါ်ယူမည့် အသင်းများထဲ အက်သလက်တီကို ပါဝင်လာ

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီကို ခေါ်ယူဖို့ အသင်းတွေထဲမှာ အက်သလက်တီကို မက်ဒရစ်အသင်းလည်း ပါဝင်လာခဲ့တယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို မန်ချက်စတာယူနိုက်တက်အသင်း အပါအဝင် အင်တာမီလန်၊ နာပိုလီနဲ့ ဂျူဗင်တပ်စ်အသင်းတွေက ချိတ်ဆက်ထားပေမယ့် ပီအက်စ်ဂျီနည်းပြ တူချယ်ကတော့ ကစားသမားဟာ အသင်းမှာ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။  လက်ရှိအချိန်မှာတော့ ကာဗာနီဟာ တင်ပါးဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ပွဲတွေမှာ ပါဝင်ပြီး ကစားနိုင်သေးပါဘူး။ ကာဗာနီဟာ ပြင်သစ်မြေမှာ ၇ ရာသီလောက် ကစားပြီးချိန်မှာ သွင်းဂိုးပေါင်း ၂၀၀ ပြည့်ဖို့ ၅ ဂိုးသာ လိုအပ်တော့တာကြောင့် ထိပ်တန်းအဆင့် ဂိုးသွင်းစက်အဖြစ် နည်းပြတူချယ်က သတ်မှတ်ထားတာပါ။ ယူနိုက်တက်အသင်းကတော့ ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်ကိုသာ ခေါ်ယူနိုင်ခဲ့ရင် ကာဗာနီကို ခေါ်ယူဖို့ လက်လျှော့သွားဖွယ် ရှိနေပေမယ့် အီတလီကလပ်တွေကတော့ ခေါ်ယူဖို့ အသည်းအသန်ကြိုးပမ်းလာနိုင်ပါတယ်။
2 years Ago
Up