မန်ယူအသင်းမှာ မော်ရင်ဟို မအောင်မြင်ခဲ့တာဟာ လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူပေးခြင်းမရှိလို့ ဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း လူကာကူက သုံးသပ်လိုက်ပါတယ်။
အင်တာမီလန်အသင်းကို ပြောင်းရွှေ့ကစားနေတဲ့ လူကာကူဟာ မန်ယူအသင်းမှာတုန်းက နည်းပြ မော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးပါတယ်။
လူကာကူအနေနဲ့ သူ့ရဲ့ကစားသမားဘဝမှာ အကောင်းဆုံးခြေစွမ်း ရရှိအောင် မြှင့်တင်ပေးနိုင်ခဲ့တဲ့ နည်းပြတွေအကြောင်းနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ မော်ရင်ဟိုဟာလည်း နည်းပြကောင်းတဦး ဖြစ်တဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။
မိမိရဲ့ခြေစွမ်းကို အကောင်းဆုံး မြှင့်တင်ပေးခဲ့တဲ့ နည်းပြတွေထဲမှာ လက်ရှိ ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ်၊ ရော်နယ်ကိုးမန်းနဲ့ လက်ရှိ အင်တာမီလန်နည်းပြ ကွန်တီတို့ ပါဝင်တယ်လို့ လူကာကူက ပြောပါတယ်။
ဒါ့အပြင် နည်းပြ မော်ရင်ဟိုဟာလည်း မိမိရဲ့ အကောင်းဆုံးခြေစွမ်းကို ထုတ်ဖော်ပေးခဲ့သူ ဖြစ်ပြီး သူလိုချင်တဲ့ ကစားသမားတွေကိုသာ မန်ယူအသင်းက ခေါ်ယူပေးခဲ့မယ်ဆိုရင် အောင်မြင်မှုတွေ ရယူနိုင်ခဲ့မယ်လို့ လူကာကူက ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်တွေကို နေရာပေးဖို့ ဆုံးဖြတ်ထားတာကြောင့် အသင်းကနေ ထွက်ခွာခဲ့တာလို့ လူကာကူက ပြောပါတယ်။
3 years Ago