ခေါင်းရွက်ဗျက်ထိုးစျေးသည်

A d v e r t i s e m e n t With Us

April 9, 2020

ညောင်လေးပင်မြို့တွင် အ​နှေးယာဉ် လုပ်သား ၃၅၀ ကျော်အတွက် စားနပ်ရိက္ခာ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဧပြီလ ၉ ရက် မနက်က အ​နှေးယာဉ်လုပ်သား ၃၅၀ ကျော်နဲ့ ခေါင်းရွက်ဗျက်ထိုး စျေးသည်တွေကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့ကြပါတယ်။ မြို့ပေါ်ကဆန်စက်​လုပ်ငန်းရှင်တွေက လှူဒါန်းတဲ့ ဆန် ၆၈ အိတ်နဲ့  ​စေတနာရှင်မိသားစု​တွေက လှူဒါန်းတဲ့ ဆန်၊ ဆီ၊ ဆား​တွေအ​ပြင်အလှူခံလို့ရ​ရှိတဲ့ ငွေကျပ်  ၄ သိန်း​ကျော်ကို ခွဲ​ဝေလှူဒါန်းခဲ့တာ​ဖြစ်ပါတယ်။ အနှေးယာဉ်လုပ်သားတစ်ဦးကို ဆန် ၄ ပြည်၊ ဆီ အစိတ်သား၊ ဆား ၅၀ ကျပ်သား၊ အချိုမှုန့် ၁၀ ကျပ်သား၊ ဆပ်ပြာတစ်တောင့်နဲ့ ငွေသား ၁၀၀၀ စီ လှူဒါန်းပေးခဲ့တာ​ဖြစ်တယ်လို့  နိုင်ငံရေးအကျဉ်းသား ဦးဘိုတောက်က ပြောပါတယ်။ "ကမ္ဘာကပ်ဘေးကျရောက်နေတဲ့အချိန်မှာ အဓိက မိသားစုစားဝတ်နေရေး အခက်အခဲ​ဖြစ်​နေရတာက အ​ခြေခံလုပ်သား​တွေ​ဖြစ်တယ်။ သူတို့မိသားစုအတွက် တစ်ရက်စာပဲ ​ဖြစ်ဖြစ် နှစ်ရက်စာပဲဖြစ်ဖြစ် အဆင်ပြေစေဖို့ ပြည်သူ့ထံမှ​ ပြည်သူ့ထံကို လက်ဆင့်ကမ်းပေးတာပါ"  ​ပြည်သူ့ထံမှ​​ ပြည်သူ့ထံကို လက်ဆင့်ကမ်း​ပေး တာ​ဖြစ်​ပြီး အခြေခံကျတဲ့ စား​သောက်ကုန်တွေ လှူဒါန်းပေးတဲ့အပြင် COVID-19 ရောဂါနဲ့ပတ်သက်ပြီ အသိပညာပေးတာတွေနဲ့ အနှေးယာဉ် လုပ်သားတဦးချင်းစီကို  Mask တခုစီ တပ်ပေးခဲ့ပါတယ်။  အခြေခံကုန်စျေးနှုန်းတွေကြီး​မြင့်နေသလို အလုပ်အကိုင် ရှားပါး​ပြီး မိသားစု စားဝတ်နေ​ရေးအတွက် အခက်အခဲ​ဖြစ်​နေရတဲ့အချိန်မှာ ခုလိုလှူဒါန်းပေးတဲ့အတွက် ဝမ်းသာပျော်ရွှင်ရတယ်လို့ အနှေးယာဉ် လုပ်သားတွေက ပြောဆိုပါတယ်။ လူ​တွေအကြားမှာ နေ့စဉ် သွားလာ လှုပ်ရှားနေရတဲ့ ဘဝ​​ဖြစ်တာ​​ကြောင့် မိမိ​ကိုယ်ကိုယ် ကာကွယ်ချင်ပေမယ့် စျေးဦးမပေါက်တဲ့ရက်မျိုးတွေရှိတာကြောင့် နှာခေါင်းစည်း Mask ဝယ်တပ်ဖို့တောင် ခက်အခဲဖြစ်နေရတယ်လို့လည်း အနှေးယာဉ်လုပ်သား တဦးက ပြောပါတယ်။ ​​ပဲခူးတိုင်းဒေသ​ကြီးအစိုးရက ပုံမှန်ဝင်​ငွေမရှိ​တဲ့ အခြေခံလုပ်သား မိသားစုတွေကို ကူညီ​ထောက်ပံ့နိုင်ဖို့ညွှန်​ကြားထား​ပြီ သက်ဆိုင်ရာမြို့နယ် ရပ်ကျေးအုပ်ချုပ်​ရေးမှူးက အိမ်ထောင်စုစာရင်း​တွေကို ကောက်ယူနေပါတယ်။  သတင်း၊ဓာတ်ပုံ - နေလင်းထိုက်
11 months Ago
Up