ခေါင်းဆောင်အဖြစ်

A d v e r t i s e m e n t With Us

January 11, 2020

မန်ယူနိုက်တက်အသင်း ခေါင်းဆောင်အဖြစ် မက်ဂွိုင်းယားကို ခန့်အပ်မည်ဟု သတင်းထွက်

အက်ရှ်လေယန်းသာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် လစ်လပ်သွားမယ့် အသင်းခေါင်းဆောင်ရာထူးကို နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားထံ ပေးအပ်သွားဖို့ ယူနိုက်တက်အသင်းဘက်က စီစဉ်နေကြောင်း The Sun သတင်းမှာ ဖော်ပြပါတယ်။  မက်ဂွိုင်းယားဟာ အသင်းကို ပြီးခဲ့တဲ့ ခြောက်လခန့်က ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် သူဟာ အသင်းခေါင်းဆောင်ရာထူးအတွက် ထိုက်တန်မှုရှိကြောင်းကို ပြသခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအသင်းခေါင်းဆောင် အက်ရှ်လေယန်းဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးနေပြီး ဒီအပြောင်းအရွှေ့ဟာ မကြာခင်အချိန်အတွင်း အပြီးသတ်နိုင်တော့မယ်လို့ ယူဆရပါတယ်။  ညာနောက်ခံလူနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် သူဟာ အခုအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားနိုင်တော့မှာ ဖြစ်ပါတယ်။  အင်တာမီလန်အသင်းက သူ့ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး ယူနိုက်တက်ဘက်က ဒီအပြောင်းအရွှေ့ကို တားဆီးနိုင်ဖို့ တော်တော်လေး ခက်ခဲမှာ ဖြစ်ပါတယ်။ အသင်းဘက်က သူတို့အသင်းခေါင်းဆောင်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ စာချုပ်တနှစ် တိုးမြှင့်ဖို့အထိ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အသင်းခေါင်းဆောင်အသစ်ကို ရွေးချယ်လိုက်ခြင်းက ဒီအပြောင်းအရွှေ့ဟာ မကြာခင် ဖြစ်ပေါ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်မှာ မက်ဂွိုင်းယားဟာ အပြောင်းအရွှေ့ပြီးတာနဲ့ အသင်းခေါင်းဆောင်သစ်အဖြစ် ကြေညာခံရမယ်လို့ ပါရှိပါတယ်။ အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံလူဟာ အသင်းကို ရောက်လာတာ မကြာသေးပေမယ့် သူ့ရဲ့ အသင်းအပေါ် ထိန်းကျောင်းခေါင်းဆောင်နိုင်မှုကိုတော့ အားလုံးက အသိအမှတ်ပြု ချီးကျူးထားကြပါတယ်။  မက်ဂွိုင်းယားဟာ ဒီရာသီအတွင်း ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ခြောက်ကြိမ် တာဝန်ပေးခံခဲ့ရပြီး ဒီခြောက်ကြိမ်မှာ နှစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံးဆိုတဲ့ ရလဒ်တခုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
1 year Ago
Up