ခေါင်းဆောင်ဟောင်း

A d v e r t i s e m e n t With Us

December 18, 2019

မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်ပွဲကျင်းပ

မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အခမ်းအနားကို   ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA သတင်းထဲမှာ မြောက်ကိုရီးယား အလုပ်သမား၊ စစ်သားနဲ့ ကျောင်းသားတွေဟာ ကွယ်လွန်သူ ကင်မ်ဂျုံအီလ်နဲ့ ကင်မ်အီဆွန်း ရုပ်တုတွေရှေ့မှာ ပန်းခြင်းတွေချ အလေးပြုခဲ့တာတွေကို ပြသခဲ့ပါတယ်။     ဒီဇင်ဘာ ၁၇ ရက်အစောပိုင်းမှာ ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ဖခင်ဖြစ်သူ ဂူဗိမာန်ဆီ သွားရောက်တဲ့ ရုပ်သေဓာတ်ပုံတွေကို နိုင်ငံပိုင် KRT သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။    မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ဖခင် ကင်မ်ဂျုံအီလ်ဟာ ၂၀၁၁ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ  ကွယ်လွန်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ကင်မ်ဂျုံအီလ်ဟာ မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့တဲ့ ကင်မ်အီဆွန်းရဲ့ သားလည်း ဖြစ်ပါတယ်။  
1 year Ago
Up