ခေါင်းချင်းဆိုင်တိုက်

A d v e r t i s e m e n t With Us

May 16, 2020

အိန္ဒိယတွင် နေရပ်ပြန်လုပ်သားများစီးလာသည့်ကားနှင့်ကုန်ကား တိုက်၊ ၂၃ ဦးထက် မနည်းသေ

အိန္ဒိယမြောက်ပိုင်းမှာ မေလ ၁၅ ရက်က  နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါလာတဲ့  ကုန်ကားတစ်စီးနဲ့ တခြားကုန်ကားတစ်စီး  ခေါင်းချင်းဆိုင်တိုက်လို့  ရွှေ့ပြောင်းလုပ်သား ၂၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၃၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။  ဥတာပရာဒေ့ရှ်ပြည်နယ်  သြရိယခရိုင်က အဝေးပြေးလမ်းမမှာ  ရပ်ထားတဲ့ ကုန်ကားကို  ရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါလာတဲ့ ကုန်ကားက ဝင်တိုက်ခဲ့တာလို့ ခရိုင်တာဝန်ရှိသူ တဦးက ပြောခဲ့ပါတယ်။  ကားတိုက်မှုဖြစ်ရာနေရာကို ဒေသခံရွာသားတွေ အရင်ဆုံး ရောက်သွားခဲ့ပြီး ဒဏ်ရာရသူ တွေကို ကူညီပေးခဲ့ပါတယ်။  ဒဏ်ရာရသူတွေကို ဆေးရုံအမြန် ပို့ဆောင်ခဲ့ပြီး အတော်များများ အခြေအနေ စိုးရိမ်ရ တယ်လို့ ခရိုင်တာဝန်ရှိသူက ပြောခဲ့ပါတယ်။    ရွှေ့ပြောင်းလုပ်သားတွေဟာ အဓိက ဘီဟာ၊ ဂျာခန်နဲ့ အနောက် ဘန်ဂေါ ပြည်နယ်တွေက ဖြစ်ပါတယ်။   အိန္ဒိယနိုင်ငံမှာ  မကြာသေးခင်  သီတင်းပတ်တွေက လော့ဒေါင်း အစီအမံတွေကြောင့်   ရွှေ့ပြောင်းလုပ်သားအများအပြား အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီးနောက်  သောင်းနဲ့ချီပြီး   နေရပ်ကို ခြေလျင် ပြန်လာနေတယ်လို့ အယ်ဂျားဇီးယားသတင်းကရေးပါတယ်။
10 months Ago

March 12, 2020

မက္ကဆီကိုတွင် ရထားနှစ်စီးခေါင်းချင်းဆိုင်တိုက်

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ မတ်လ ၁၁ ရက်က ရထားနှစ်စီးခေါင်းချင်းဆိုင် တိုက်လို့ လူတစ်ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။  မြို့တော်ရဲ့ အစည်ကားဆုံး ဘူတာရုံတွေထဲက တခုဖြစ်တဲ့ တယ်ကူဘာယာ မြေအောက် ရထားဘူတာမှာ ရထားတိုက်မှုဖြစ်ခဲ့ပြီး ၄၁ ယောက် ဒဏ်ရာရတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။  လူ ၂၅ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာ မပြင်းထန်ဘူးလို့ မက္ကဆီကို မြို့တော်ဝန်က ပြောခဲ့ပါတယ်။  ဒေသစံတော်ချိန် ည ၁၁ နာရီမှာ ရထားတိုက်မှုဖြစ်ခဲ့ကာ တိုက်မိတဲ့အရှိန်ကြောင့် ရထားတစီးပေါ်ကို အခြားတစီး ရောက်သွားခဲ့ပြီး  ရထားတိုက်မှုဖြစ်ရတဲ့အကြောင်းကို သဲသဲကွဲကွဲ မသိရသေးပါဘူး။  မက္ကစီကိုစီးတီးက မြေအောက်ရထား ဘူတာရုံတွေဟာ ကမ္ဘာပေါ်မှာ အစည်ကားဆုံး တွေထဲကတခုဖြစ်ပြီး တနှစ်ကို ခရီးသည် ၁ ဒသမ ၆ ဘီလီယံ အသုံးပြုပါတယ်။ ဘူတာပေါင်း ၁၉၅ ခု၊  ရထားလမ်းပါင်း ၁၂ ခုရှိတယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။ 
12 months Ago
Up