ခေတ်သစ်ဆက်ဆံရေး

February 12, 2020

အာဆီယံဒေသနှင့် ခေတ်သစ်ဆက်ဆံရေး တည်ဆောက်မည့် ဗြိတိန်

အီးယူကနေ နုတ်ထွက်ပြီးနောက် ဗြိတိန်ဟာ အနာဂတ်မှာ မလေးရှားအပါအဝင် အာဆီယံဒေသကြီးတခုလုံးနဲ့ ခေတ်သစ်ဆက်ဆံရေး တည်ဆောက်သွားမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရပ်ဘ်က ဖေဖော်ဝါရီလ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရက်ဘ်က “မလေးရှားဟာ အေပက်အဖွဲ့ ဥက္ကဋ္ဌတာဝန်ကို ရယူပြီး ဒေသတွင်းနဲ့ အာဆီယံမှာ အားကောင်းကောင်းနဲ့ ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဗြိတိန်အနေနဲ့ မလေးရှား၊ အာဆီယံဒေသကြီး တခုလုံးနဲ့ ရှေ့အနာဂတ်မှာ ချစ်ကြည်ရင်းနှီးဖို့ ရည်ရွယ်ပါတယ်လို့  နိုင်ငံခြားရေးဝန်ကြီး ရက်ဘ်က ပြောခဲ့ပါတယ်။ အခုအခါ ဗြိတိန်ဟာ အီးယူကနေ နုတ်ထွက်ခဲ့ပြီး အနာဂတ်မှာ ခေတ်သစ် ချစ်ကြည်ရင်းနှီးမှုကို ရှာဖွေနေတယ်”လို့လည်း ရက်ဘ်က ပြောပါတယ်။  မလေးရှား နိုင်ငံခြားရေးဝန်ကြီး စိုင်ဖူဒင်အဗ္ဗဒူလာကလည်း “ဘရဲဆစ် နှောင်းပိုင်းကာလမှာလည်း မလေးရှားနဲ့ ဗြိတိန်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းစေမယ်လို့ မျှော်လင့်ပါတယ်။ အာဆီယံ ဆွေးနွေးဖက်နိုင်ငံ ဖြစ်လိုတဲ့ ဗြိတိန် ရည်ရွယ်ချက်ကို မှတ်သားပြီး ဗြိတိန်ရည်ရွယ်ချက်ကို ဖော်ပြဖို့ အာဆီယံအတွင်းရေးမှူးချုပ်ထံ တရားဝင် လျှောက်ထားတင်ပြဖို့ မလေးရှားဟာ အဆိုပြုပါတယ်”ဆိုပြီး ပြောပါတယ်။ ဗြိတိန်နဲ့ မလေးရှားတို့ဟာ ကာလရှည် နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက် ပြုလုပ်ထားပြီး အဲဒီသဘောတူညီချက်ဟာ ဗြိတိန်ပေါင်ငွေ ၅ ဘီလီယံအထိ ၁၀ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
2 years Ago
Up