“ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်”

A d v e r t i s e m e n t With Us

October 19, 2020

တရက်အတွင်း ကြည့်ရှုသူသန်းချီရှိနေသည့် “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” ဇာတ်လမ်းတို(ရုပ်သံ)

       “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်”လို့ အမည်ပေးထားတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးဇာတ်လမ်းတိုတပုဒ်ဟာ ထွက်ရှိပြီး တရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ် ကြည့်ရှုသူ သန်းနဲ့ချီ ရှိနေခဲ့ပါတယ်။        လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေကို မီဒီယာတွေကနေတဆင့် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။        “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်”ဇာတ်လမ်းတိုကိုတော့ ဒါရိုက်တာ မိုက်တီး၊ ဝိုင်းနဲ့ ဩရသတို့က အဲန်အယ်လ်ဒီပါတီရွေးကောက်ပွဲအောင်နိုင်ရေး ဇာတ်လမ်းတိုတပုဒ်အနေနဲ့ ရိုက်ကူးပုံဖော်ပေးထားခဲ့ကြတာဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာ ဇော်ဦး၊ လူမင်း၊ ဝိုင်း၊ နေမျိုးအောင်၊ ဖြိုးငွေစိုး၊ ညီထွဋ်ခေါင်၊ အလင်းရောင်၊ မျိုးသန္တာထွန်း၊ နန်းမြတ်ဖြိုးသင်း၊ ရွှေသမီး၊ ရတနာဗို၊ အေးမြဖြူတို့နဲ့ တခြားသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။        “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်”ဆိုတဲ့ ဒီဇာတ်လမ်းတိုရဲ့ ခေါင်းစဉ်ကတော့ “နိုင်ငံရေးဟူသည် ပြည်သူအတွက်ဖြစ်ရမည်၊ ပြည်သူဘက်ကရပ်တည်ရမည်၊ ပြည်သူကို မျက်နှာမူရမည်”ဆိုတဲ့ စကားအတိုင်း ရှင်းရှင်းပြတ်ပြတ် ရပ်တည်ခဲ့သူ ကွယ်လွန်သူ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ အတွေးအမြင် စကားလုံး ဖြစ်သလို ဒီနာမည်နဲ့ပဲ သူ့ရဲ့ ထောင်တွင်းဘဝဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးအဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေ၊ နိုင်ငံရေးခံယူချက်တွေနဲ့ ထွက်ရှိခဲ့တဲ့ ကိုယ်ရေးအထုပ္ပတ္တိ စာအုပ်တ အုပ်လည်း ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။        လတ်တလောထွက်ရှိလာတဲ့ ဒီဇာတ်လမ်းတိုထဲမှာ အနုပညာရှင်ပေါင်းများစွာ ပါဝင်သီဆို ထားကြတဲ့ အဲန်အယ်လ်ဒီပါတီရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းတွေဖြစ်တဲ့ “အသက်ရာကျော် ရှည်ပါစေအမေ”၊ “မေမေနိုင်မှဖြစ် မှာပါ”၊ “ခွပ်ဒေါင်းမာန်ချီ”၊ “အောင်လံလွှင့်မည် NLD” စတဲ့ သီချင်းတွေကိုလည်း အသုံးပြုထားပါတယ်။        ဒီဇာတ်လမ်းတိုကိုတော့ ဒါရိုက်တာ ဝိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်က တဆင့် မျှဝေထားခဲ့တာဖြစ်ပြီး တရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
3 months Ago
Up