ခေတ္တရပ်ဆိုင်းမည်

December 17, 2019

ဘိုးရင်း 737 Max လေယာဉ်ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းမည်

ဘိုးရင်း 737 MAX လေယာဉ်တွေထုတ်လုပ်မှုကို လာမယ့် ဇန်နဝါရီလမှာ ခေတ္တရပ်ဆိုင်းမှာ ဖြစ်တယ်လို့ ကုမ္ပဏီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ အကြောင်းကတော့ ဘိုးရင်းရဲ့ အရောင်းရဆုံး MAX လေယာဉ်တွေကို ပျံသန်းခွင့် ပိတ်ပင်တာဟာ လာမယ့် ၂၀၂၀ အထိ ဆက်ဖြစ်ဖွယ်ရှိလို့ပါ။ ဒီလို ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းတဲ့ ကာလမှာ ဝန်ထမ်းတွေ လျှော့ချတာမျိုးရှိမှာ မဟုတ်ဘူးလို့လည်း နောက်သတင်းရင်းမြစ်တခုက ဆိုပါတယ်။ ၂၀၂၀ မတိုင်ခင် MAX လေယာဉ်တွေကို ပျံသန်းမှာကို  ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA) က သဘောမတူခဲ့တဲ့နောက်မှာ ဘိုးရင်း 737 MAX ထုတ်လုပ်မှုကို ခေတ္တရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘိုးရင်းကုမ္ပဏီက ချက်ချင်း မှတ်ချက်ပြုပြောတာ မရှိပေမယ့်  မကြာခင် ကြေညာချက်ထုတ်မယ်လို့ မျှော်လင့်ရပါတယ်။
2 years Ago
Up