ခိုးယူခံရသည့် ဒေါ်လာ ၁၈ သန်းတန် ပန်းချီကားများ ပြန်ဖော်ထုတ်သိမ်းဆည်း

A d v e r t i s e m e n t With Us

May 13, 2016

ခိုးယူခံရသည့် ဒေါ်လာ ၁၈ သန်းတန် ပန်းချီကားများ ပြန်ဖော်ထုတ်သိမ်းဆည်း

ပြီးခဲ့တဲ့နှစ်က အီတလီအနုပညာပြတိုက်တခုကနေ ခိုးယူခံခဲ့ရတဲ့ အမေရိကန်ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ ပန်းချီကား ၁၇ ချပ်ကို မေ ၁၁ ရက်နေ့မှာ ယူကရိန်းအာဏာပိုင်တွေက ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ပန်းချီကားတွေကို နိုင်ငံတောင်ပိုင်း မော်ဒိုဗာနယ်စပ်အနီးမှာ ပလတ်စတစ်အိတ်တွေနဲ့ ၀ှက်ထားလျက် သိမ်းဆည်းရမိခဲ့တာပါ။ ဒီသိမ်းဆည်းရမှုဟာ ယူကရိန်းနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အင်မတန်ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်လို့ ယူကရိန်းသမ္မတက ပြောဆိုပြီး အနုပညာမှောင်ခိုလုပ်ငန်းတွေကို ယူကရိန်းနိုင်ငံက ရှေ့တန်းက ကာကွယ်တားဆီးနေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ၁၆ ရာစု နာမည်ကျော်ဥရောပပန်းချီဆရာတွေဖြစ်တဲ့ တင်တိုရတ်တို(Tintoretto)နဲ့ ရူးဘန်စ် (Rubens) တို့ရဲ့ ပန်းချီကားတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အီတလီမြောက်ပိုင်း ဗာရိုနာမြို့က အနုပညာပြတိုက်တခုကနေ မျက်နှာဖုံးစွပ် လက်နက်ကိုင် ၃ ယောက်က ပြတိုက်ထဲ ၀င်ရောက်ခိုးယူသွားတာပါ။ 97596291_Paintings_2_FOREIGN-large_trans++ZgEkZX3M936N5BQK4Va8RWcv5yZLmao6LolmWYJrXnsအခုတော့ အီတလီအနုပညာပစ္စည်း ကျွမ်းကျင်သူပညာရှင်တွေ ပန်းချီကားတွေကို လာရောက်စစ်ဆေးပြီး ပြန်လည်သယ်ဆောင်နိုင်ပြီလို့ ယူကရိန်းသမ္မတက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့လကလည်း ၁၇ ရာစု နယ်သာလန်ပန်းချီကား ၄ ချပ် ၁၀ နှစ်ကြာ ပျောက်ဆုံးနေခဲ့ပြီး ယူကရိန်းလုံခြုံရေးတပ်ဖွဲ့က ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ပါတယ်။
5 years Ago
Up