ခုန်ချ

January 24, 2021

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် ၂ ပေါ်မှ မြန်မာယာဉ်မောင်း ၁ ဦး ခုန်ချသေဆုံး

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် ၂ ပေါ်ကနေ မြန်မာယာဉ်မောင်းတစ်ဦး ခုန်ချသေးဆုံးမှု ဖြစ်ခဲ့တယ်လို့ မြဝတီမြို့မ ရဲစခန်းက သိရပါတယ်။ ထိုင်းနိုင်ငံထုတ်ကုန် မုန့်မျိုးစုံကို မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ ထိုင်းနိုင်ငံဘက် သွားရောက်သယ်ယူပြီး မြဝတီမြို့အပြန်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ ၁၂ နာရီ ကျော်လောက်က အမြင့်ပေ ၅၀ လောက်ရှိ တံတားပေါ်ကနေ သောင်ရင်းမြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ ကိုထူး အသက် ၃၆ နှစ်ဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ရွှေမြဝတီစျေးအရှေ့ မှာ နေထိုင်သူဖြစ်ပြီး ရုပ်အလောင်းကို ထိုင်းနဲ့မြန်မာတာဝန်ရှိသူတွေက သောင်ရင်းမြှစ်ထဲက ဆယ်ယူပြီး မြဝတီမြို့ ဆေးရုံကြီးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့စျေးကြီးအနီးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ရွှေ့ပြောင်းမြန်မာပြည်သားအချင်းချင်း ဓားထိုးမှုကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။
12 months Ago

July 31, 2020

ရွှေသာလျောင်းတောင်ထိပ်ပေါ်မှ အမျိုးသား ၁ ဦး ခုန်ချ

ဇူလိုင် ၃၀ ရက်နေ့ ညနေ ၃ နာရီကျော်လောက်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ရွှေသာလျောင်းတောင်ထိပ်ပေါ်မှ အမျိုးသား ၁ ဦး ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်နေရာကို ကျောက်ဆည်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ပရဟိတအသင်းအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သွားရောက်ကူညီဆောင်ရွက်ခဲ့ကြပါတယ်။ သေဆုံးသူ ရုပ်အလောင်းအား ပရဟိတအသင်း သူနာတင်ယာဉ်နဲ့ ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။
1 year Ago
Up