ခုန်ချသေကြောင်းကြံသည့် အမျိုးသမီးကို စွန့်စွန့်စားစားကယ်တင် (ရုပ်သံ)

April 27, 2017

ခုန်ချသေကြောင်းကြံသည့် မိန်းကလေးကို ပင့်ကူလူသားမီးသတ်သမား စွန့်စားကယ်တင် (ရုပ်သံ)

တောင်ကိုရီးယားနိုင်ငံမှာ အဆောက်အအုံအထပ်မြင့် အခန်းတခန်းကနေ ခုန်ချ သေကြောင်းကြံဖို့ ကြိုးစားခဲ့တဲ့ မိန်းကလေးတဦးကို မီးသတ်သမားတဦးက ပင့်ကူလူ သားဆန်ဆန် စွန့်စားကယ်တင်ခဲ့ရတယ်လို့ မေရာသတင်းမှာ ဧပြီလ ၂၆ ရက်နေ့က ဖော် ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုပါမိန်းကလေးဟာ အခန်းရှေ့ ၀ရန်တာအစွန်း ဘောင်ပေါ်မှာ အသည်းယားစဖွယ် ထိုင်နေခဲ့တာကို တွေ့ရပါတယ်။ သူဟာ အောက်ခြေကို ခုန်ချသေကြောင်းကြံဖို့ ကြိုးစားနေတာဖြစ်ပြီး မီးသတ်သ မားကတော့ သူထိုင်နေရာ တိုက်ခန်းရဲ့ အပေါ်တထပ်အမြင့်ကနေ ကယ်တင်နိုင်ဖို့ စီမံခဲ့ရတာပါ။ မီးသတ်သမားဟာ လိမ္မော်ရောင်ဝတ်စုံကို ၀တ်ဆင်ထားခဲ့ပြီး အခန်းရှေ့ ၀ရန်တာ ဘောင်အစွန်းကနေ ကျော်ခဲ့ကာ ရုတ်တရက်ပဲ အောက်ကို တွဲလွဲခိုပြီး မိန်းကလေးရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ အတွင်းဘက်ကို ကန်ထုတ်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ တကယ့်ကို အသည်းယားစဖွယ် စွန့်စားကယ်တင်မှုတခုဖြစ်ပြီး မိန်းကလေးဟာ ထိခိုက်ဒဏ်ရာရသွားမသွားဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားခဲ့ပါဘူး။
5 years Ago

May 8, 2016

ခုန်ချသေကြောင်းကြံသည့် အမျိုးသမီးကို စွန့်စွန့်စားစားကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ကျန်းဆုခရိုင်ထဲမှာ အမျိုးသမီးတဦးဟာ ၆ ထပ်အမြင့်ရှိ အခန်းမှ ခုန်ချသေကြောင်းကြံဖို့ ကြိုးစားချိန်မှာ ကယ်ဆယ်ရေးသမားတွေက စွန့်စွန့်စားစားကယ် တင်ခဲ့ရပါတယ်။ စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကယ်ဆယ်ရေးသမားတွေဟာ အဆိုပါအမျိုးသမီးကို ဒရာမာဆန်ဆန်စွန့်စားကယ်တင်ခဲ့တာကို တွေ့ရမှာပါ။ အမျိုးသမီးဟာ ၆ လွှာအခန်းရဲ့ ပြတင်းပေါက်အစွန်းမှာ ထိုင်နေခဲ့ချိန်မှာ ကယ် ဆယ်ရေးသမားတွေဟာ အုပ်စု ၂ စုခွဲပြီး ကယ်တင်ဖို့ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ အုပ်စုတစုက အမျိုးသမီးကို တိုက်ခန်းတွင်းပြန်ဝင်ဖို့ ဖြောင့်ဖြပြောဆိုစည်းရုံးနေ ချိန်မှာ တခြားအုပ်စုက အဆိုပါအခန်းအပေါ် ၇ လွှာတိုက်ခန်းရဲ့ အပြင်ဘက်ကနေ တိတ်တဆိတ်လျှောဆင်းနိုင်ဖို့ ကြိုးစားခဲ့ရတာပါ။ အပေါ်ထပ်အုပ်စုထဲမှ ကယ်ဆယ်ရေးသမားတွေဟာ သူတို့ထဲက တဦးကို ကြိုးနဲ့ ချည်နှောင်ကာ အောက်ထပ်အခန်းပြင်ပဆီ ခက်ခက်ခဲခဲလျှောဆင်းစေဖို့ စီမံခဲ့ကြပါ တယ်။ အဲဒီကယ်ဆယ်ရေးသမားဟာ အမျိုးသမီးမရိပ်မိအောင် အောက်ထပ် ၆ လွှာအ ခန်းအထက်က ဘောင်ကို ခိုတွဲထားကာ အမျိုးသမီးကို အခန်းထဲကိုပြန်ရောက်အောင် ကန်ထုတ်လိုက်ပြီး ကယ်တင်နိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့နိုင်ပါတယ်။
6 years Ago
Up