ခုခံတိုက်ခိုက်

June 17, 2018

နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ကို ဟူသီလက်နက်ကိုင်အဖွဲ့များ ဟိုဒါမြို့ထဲမှ ခုခံတိုက်ခိုက်

ယီမင်နိုင်ငံထဲက ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဆော်ဒီဦးဆောင်တဲ့နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့တွေ ဟိုဒေးဒါမြို့က လေဆိပ်ကို အပြည့်အ၀ မထိန်းချုပ်နိုင်အောင် ဇွန်လ ၁၆ ရက်မှာ ညွန့်ပေါင်းတပ်ကို ပြန်လည်ခုခံခဲ့ကြပါတယ်။ ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ ဟိုဒေးဒါမြို့ထဲကနေ ပြန်လည်ခုခံနေတဲ့ ဟူသီ လက်နက်ကိုင်တွေကို နှိမ်နင်းပြီး  မြို့ကိုပြန်သိမ်းဖို့ ထိုးစစ်ဆင်နေပါတယ်။ ယူအေအီး၊ ဆူဒန်၊ ယီမင်နဲ့ အခြားနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေပါတဲ့ ညွန့်ပေါင်း တပ်ဖွဲ့ဟာ ဟိုဒေးဒါလေဆိပ်ကို ဝိုင်းထားနိုင်ပြီလို့ မြို့ခံတွေနဲ့ ယီမင်စစ်တပ်ကပြောပါတယ်။ ဟူသီအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက်အက်ဘ်ဒူဆာလမ် ကတော့ ညွန့်ပေါင်းတပ်ရဲ့ အခုထိုးစစ်ဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ရမယ့် အခွင့်အလမ်း နည်းသွားစေနိုင်တယ်လို့ ပြောပါတယ်။ အခုထိုးစစ်ဟာ ယီမင် ပြည်တွင်းစစ်အတွင်း အကြီးဆုံးတိုက်ပွဲဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အီရန်ကျောထောက် နောက်ခံပေးထားတဲ့ ဟူသီတွေကို နှိမ်နင်းပြီး နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ယီမင်အစိုးရကိုတင်ဖို့ ကြိုးပမ်းနေတာပါ။ ဒါပေမယ့် ယီမင်ပြည်တွင်းစစ်ဟာ ဆော်ဒီအာရေဗျနဲ့ အီရန်နိုင်ငံတို့ရဲ့ စစ်ပွဲဖြစ်တယ်လို့ သုံးသပ်ခံထားရပါတယ်။
3 years Ago
Up