ခီယေဆာ

October 1, 2021

ဂျူဗင်တပ်ကြယ်ပွင့် ခီယေဆာကို မခေါ်ယူနိုင်သည့် မန်ယူအသင်းအပေါ် ဖာဒီနန်စိတ်ပျက်

ဂျူဗင်တပ်အသင်းမှာခြေစွမ်းပြနေတဲ့ အီတလီကြယ်ပွင့် ခီယေဆာကို မခေါ်ယူနိုင်ခဲ့တဲ့အပေါ် မန်ယူ အသင်းကို စိတ်ပျက်စကားဆိုသွားပါတယ်။

အသက် ၂၃ နှစ်ရှိ တောင်ပံတိုက်စစ်မှူး ခီယေဆာဟာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လှပသေသပ်တဲ့အနိုင်ဂိုးသွင်းယူခဲ့ပြီး ယူရိုပြိုင်ပွဲမှာလည်း ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။

ခီယေဆာဟာ အလွန်ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ဂျူဗင်တပ်ဆီ မပြောင်းရွှေ့ခင်မှာ အင်္ဂလန်ကလပ်တချို့နဲ့ ချိတ်ဆက်ဖူးကြောင်း ၊မန်ယူနိုက်တက်အသင်းအနေနဲ့ သူ့ကို ဘာလို့ မခေါ်နိုင်ခဲ့တာလဲဆိုပြီး တွေးနေမှာသေချာကြောင်း ဖာဒီနန်က ပြောပါတယ်။ 

ယူရိုပြိုင်ပွဲမှာကတည်းက ခီယေဆာက ပြိုင်ဘက် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသူဆိုတာ မြင်တွေ့ခဲ့ရပြီး အလွန် နှစ်သက်စရာကောင်းတဲ့ သူဖြစ်တယ်လို့ ဖာဒီနန်ကချီးကျူးပါတယ်။

ဖာဒီနန်ရဲ့ ချီးကျူးစကားကို ဂျိုကိုးကလည်း ထောက်ခံခဲ့ပြီး ခီယေဆာဟာ လူဝစ်ဆွာရက်ဇ် ငယ်စဉ်ကလို ပုံစံမျိုးဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ ခီယေဆာဟာ ပြီးခဲ့တဲ့နှစ်က ဖီအိုရင်တီးနားကနေ ၂ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ လာသူဖြစ်ပြီး အခုနှစ်ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူနိုင်တဲ့စာချုပ်လည်းပါဝင်ပါတယ်။  

1 year Ago
Up