ခီမောင်နှံပရဟိတအဖွဲ့

A d v e r t i s e m e n t With Us

December 4, 2020

လိုအပ်သူများအတွက်ကူညီရန် ခီမောင်နှံပရဟိတအဖွဲ့ လှူဒါန်းငွေကျပ်သိန်း ၁,၁၆၀ ကျော်ရရှိထား

ကိုဗစ်-၁၉ ကပ်ဘေးပထမလှိုင်းကာလမှ လက်ရှိအချိန်ထိ ခီမောင်နှံပရဟိတအဖွဲ့ Free Cash Program for the Needy(FCPN)က လှူဒါန်းငွေကျပ်သိန်း ၁,၁၆၀ ကျော် ရရှိထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇဏ်ခီက ဒီဇင်ဘာ ၁ ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် လှူဒါန်းမှုစာရင်းနဲ့အတူ ခုလိုရေးသားမျှဝေထား ခဲ့တာပါ။ “ဒီ​နေ့ အကြိမ် ၃၀ မြောက် ပို့ဖြစ်တဲ့လူစာရင်းဖြစ်သလို FCPN Chat box မှာ​လျှောက်ထားသမျှသူ​တွေအကုန်​ပဲဖြစ်ပါတယ်။  ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ချိန်မှ ယ​နေ့အ ချိန်ထိ စုစု​ပေါင်း ကျပ် ၁၁၆,၂၈၀,၀၀၀(သိန်းတစ်​ထောင့်တစ်ရာ​ခြောက်ဆယ့်နှစ်သိန်းနဲ့ ရှစ်​သောင်း) လှူဒါန်းပြီးဖြစ်ပါတယ်။ FCPN ကိုယ်စားဝမ်းသာပီတိဖြစ်ရသလို ဒီအလှူကြီး မှာ ဝင်​ရောက်လှူဒါန်းသူများအားလုံးကိုလည်း အထူး​ကျေးဇူးတင်ရှိပါတယ်” Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့ကိုတော့ ပြီးခဲ့တဲ့ မေ လတုန်းက ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့က ငွေကျပ် သိန်း ၅၀ နဲ့ မ, တည်ထားခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေး ရမယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားပြီး လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ FCPN အနေနဲ့ ပရဟိတ အဖွဲ့အစည်းတွေဖြစ်တဲ့ We Love Yangon၊ Clean Yangon၊ Braveheart Foundation၊ Y.W.C.A၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းအသင်း(မိတ္ထီလာ)၊ နယ်စည်းမခြား စာနာသူများ We Love Yangon၊ မြန်မာနိုင် ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) စတဲ့ အဖွဲ့တွေက တဆင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့ နေရာအနှံ့က ငွေကြေးအ ခက်အခဲ ဒုက္ခရောက်နေသူတွေကို ထောက်ပံ့ကူညီတာတွေ၊ စစ်ပြေးရှောင်တွေကို ထောက်ပံ့ကူညီတာတွေ၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ချက်ဘောက်စ်ကတဆင့် ဆက်သွယ်အ ကူအညီတောင်းလာတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ FCPN ရဲ့ ချက်ဘောက်စ်ကို ပြန်မဖွင့်ဖြစ်​တော့​ပေမယ့် ဝင် လာသမျှအလှူ​ငွေ​တွေကို​တော့ မြေပြင်​ပေါ်မှာရှိတဲ့ လမ်း​ကြောင်း​တွေမှာ ဆက်လက် လှူ ဒါန်းသွားမှာဖြစ်ကြောင်းလည်း ဇဏ်ခီက အသိပေးထားခဲ့တာကို တွေ့ရပါတယ်။
3 months Ago

September 17, 2020

ခီမောင်နှံပရဟိတအဖွဲ့က ငွေကြေးအကူအညီတောင်းခံလာသူ အယောက် ၁၀၀ သို့ ကျပ် ၁၀ သိန်း လှူဒါန်း

       ခီမောင်နှံလို့ ပရိသတ်တွေ သိကြတဲ့ သရုပ်ဆောင် ဇဏ်ခီတို့ ဇနီးမောင်နှံ ဦးဆောင်တဲ့ Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့က ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း ငွေကြေးအကူအညီတောင်းခံလာသူအယောက် ၁၀၀ အတွက် ကျပ် ၁၀ သိန်းကို ပေးပို့လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။        ခုပေးပို့တဲ့စာရင်းမှာ ပါဝင်သူတွေကတော့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စတင်ပြီး လျှောက်ထားသူတွေဖြစ်ကာ ဒီကနေ့မနက် ၁၀ နာရီနောက်ပိုင်းကစ Wave Money ကတဆင့် ငွေလွှဲပေးသွားမယ်လို့ ဖော်ပြထားပါတယ်။        Free Cash Program for the Needy(FCPN) အဖွဲ့ကိုတော့ ပြီးခဲ့တဲ့ မေလတုန်းက ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့က ငွေကျပ် သိန်း ၅၀ နဲ့ မတည်ထားခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရမယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားပြီး လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။ FCPN အဖွဲ့အနေနဲ့ အလှူငွေတွေကို Wave money တခုထဲနဲ့သာ ပေးအပ်နေတာ မျိုးမဟုတ်ပဲ မြေပြင်မှာ ကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတဲ့ ပရဟိတအဖွဲ့တွေနဲ့ပါ ပူးပေါင်းလှူဒါန်းတာမျိုးတွေ လုပ်ဆောင်နေပြီး လတ်တလောအချိန်ထိ Wave Money က တဆင့် ငွေကြေးအကူအညီတောင်းခံလာသူအယောက် ၆၁၀၀ လောက်ကို ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
6 months Ago
More News
Up