ခီဒီယာ

May 19, 2020

ဂျူဗင်တပ်စ်အသင်း ဘဏ္ဍာရေးအခက်အခဲကြောင့် ထိပ်တန်းကစားသမား ၄ ဦးကို ရောင်းချမည်

ဂျူဗင်တပ်စ်အသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် ထိပ်တန်းကစားသမား ၄ ဦးကို ရောင်းချမယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလမှာ ဘဏ္ဍာရေးအရ ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားတဦးကို တနှစ် လုပ်ခယူရို ၆ သန်း ပေးချေနိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ လက်ရှိ ဂျူဗင်တပ်စ်အသင်း လူစာရင်းက ကစားသမား အများစုဟာ တနှစ်လုပ်ခယူ ယူရို ၆ သန်းထက် ပိုများတာကြောင့် ကစားသမား ၄ ဦးကို ရောင်းချဖို့ ရှိနေတာပါ။ ရောင်းချမယ့်ကစားသမားစာရင်းမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပီယာနစ်၊ ခီဒီယာ၊  တောင်ပံတိုက်စစ်မှူး ဒေါက်ဂလပ်ကော်စတာနဲ့ တိုက်စစ်မှူး ဟီဂွါအင်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ရမ်ဆေးနဲ့ မာတွီဒီတို့လို ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် လုပ်ခမြင့်မားစွာ ပေးချေထားရပြီး စီရော်နယ်ဒိုအတွက်လည်း လုပ်ခအများဆုံး ပေးချေထားရတာ ဖြစ်ပါတယ်။
11 months Ago

May 10, 2018

ဂျူဗင်တပ် ကွင်းလယ်လူ ခီဒီယာကို လီဗာပူး ခေါ်ယူရန် ကြိုးပမ်း

လီဗာပူးအသင်းဟာ အမ်မရီကန်ကို ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုပြီးရင် ခီဒီယာကို ပြန်ခေါ်ဖို့ ကြိုးပမ်းနေပါတယ်။ အသက် ၂၄ နှစ်ရှိ ဂျာမနီကစားသမား အမ်မရီကန်ဟာ လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေတာပါ။ လီဗာပူးအသင်းအနေနဲ့ အမ်မရီကန်ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဂျူဗင်တပ်ကွင်းလယ်ကစားသမားပဲဖြစ်တဲ့ ခီဒီယာကို ခေါ်ယူဖို့ ဆွေးနွေးမယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ အသက် ၃၁ နှစ်ရှိ ဂျာမနီလက်ရွေးစင် ခီဒီယာကိုယ်တိုင်ကလည်း ကစားသမားဘဝက အနားမယူခင် ပရီးမီးယားလိဂ်ကို လာရောက်ကစားဖူးချင်တယ်လို့ ပြောဆိုထားတာကြောင့် လီဗာပူးနဲ့ အပြောင်းအရွှေ့က လာမယ့်နွေရာသီမှာ ဖြစ်လာဖွယ်ရှိနေပါတယ်။
3 years Ago
Up