ခိုးဝင်လာသူများ

August 22, 2020

တဖက်နိုင်ငံက ခိုးဝင်လာသူများကို ကော့သောင်း၌ ဖမ်းမိ

ကိုဗစ်-၁၉ ကပ်ရောဂါကာလ  တဖက်နိုင်ငံကနေ ခိုးဝင်လာတဲ့ ၉ ဦးကို တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ သြဂုတ် ၂၀ ရက်ညက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ဝင်ရောက်လာတဲ့သူတွေဟာ မလေးရှားနိုင်ငံ လန်ကာဝီမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာတဲ့သူတွေဖြစ်ပြီး သီရိမြိုင်ရပ်ကွက် ညကင်းလုံခြုံရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေက သီရိမြိုင်ရပ်ကွက် ဗိုလ်ချုပ်လမ်း ဘုန်းကြီးကျောင်းအနီး ဆိုင်ကယ်ဂိတ်ရှေ့ မှာ ဖမ်းဆီးမိခဲ့တာပါ။ မလေးရှားကနေ ထိုင်းနိုင်ငံကတဆင့် ကော့သောင်းမြို့ ပုလုံးတုံတုံး တံတားအနီးမှာ စက်လှေက လာပို့ခဲ့ပြီး ပြန်ထွက်ပြေးသွားတယ်လို့ ရာအိမ်မှူး ဦးနွယ်ထွန်းက ပြောပါတယ်။ လက်ရှိမှာ အဲဒီလူတွေကို ပုလုံးတုံတုံးကျေးရွာ Quarantine စခန်းမှာ ထားရှိစောင့်ကြည့်နေပြီး တရားမဝင် ဝင်ရောက်လာတဲ့အတွက် ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။ လတ်ကိုကိုဦး
1 year Ago

March 25, 2020

မိုင်းတုံမြို့နယ် ပုံပါကျင်ဒေသတွင် ထိုင်းနိုင်ငံဘက်မှ ခိုးဝင်လာသူများကို တားဆီးရန်လိုအပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်ဒေသမှာ ထိုင်းနိုင်ငံဘက်နေ ခိုးဝင်လာသူတွေ နေ့စဉ်နဲ့အမျှရှိနေတဲ့အတွက် လုံခြုံရေးကျိုးပေါက်ပြီး COVID-19 ကူးစက်ပြန့်ပွား ဝင်ရောက်လာနိုင်တဲ့အတွက် တားဆီးဖို့လိုအပ်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်ဘက်ကနေ မြန်မာနိုင်ငံ မိုင်းတုံမြို့နယ် ပုံပါကျင်ဒေသအတွင်း တရားမဝင် ခိုးဝင်လမ်းကြောင်းတွေကနေ ဝင်ထွက်လိုသူတွေအတွက် လူပွဲစားတွေကနေ လူတဦးကို ထိုင်းဘတ်ငွေ ၃၀၀ ကနေ ၁၀၀၀ အကြား ကောက်ခံကာ နယ်စပ်လုံခြုံရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး ညအချိန်မှာ ခိုးဝင်သွားလာမှုတွေ နေ့စဉ်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အခုလို ခိုးဝင်နေတဲ့အတွက် COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးအတွက် စိစစ်ဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒါကြောင့် ဝင်ရောက်လာသူတွေ အနေနဲ့ ကျန်းမာရေးဌာနတွေကို သတင်းပေးပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” လို့ မြို့နယ်ကျန်းမာရေး ဦးစီးအရာရှိက ပြောပါတယ်။ ထိုင်း- မြန်မာနယ်စပ်တလျှောက်မှာ အရင်က တရားဝင်ဂိတ်ပေါက်တခုဖြစ်တဲ့ ဘီပီဝမ်းဂိတ်ကို ၂၀၀၁ ခုနှစ်မှစတင်လို့ ပိတ်သိမ်းထားတာကြောင့် တရားမဝင် လူသွားလမ်းကြောင်းတွေ ပေါ်ပေါက်လာပြီး နေ့စဉ်ဝင်ထွက်တာတွေရှိနေတဲ့အတွက် လုံခြုံရေးအရ ပိတ်ဆို့တားဆီးနိုင်ဖို့ အခက်အခဲဆုံးဒေသတစ်ခုဖြစ်နေတာပါ။ 
2 years Ago
Up