ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၃ ယောက်ကို ဇန်နဝါရီ ၂၀ ရက်က ထောင်ဖာဖွန်ခရိုင်ထဲမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာတော့ အမျိုးသားအယောက် ၆၀ နဲ့ အမျိုးသမီး ၂၃ ယောက်ပါဝင်ပြီး ဝချီရာလောင်ကွန်ဆည်အနီးက ဂူတခုထဲမှာ ပုန်းအောင်းနေတာကို ကင်းလှည့်တပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တာလို့ ထောင်ဖာဖွန်ခရိုင် ရဲချုပ် ဆန်ထိ ပီသာဆကူလ်က ပြောပါတယ်။
အဲဒီနောက် သူတို့ကို ပစ်ကပ်ကား ၁၀ စီးနဲ့ ထောင်ဖာဖွန်ရဲစခန်းကို ခေါ်ယူပြီးတော့ လိုအပ် တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။
ဒီမတိုင်ခင်ကတော့ ရဲတွေဟာ ထိုင်းအမျိုးသား ယာဉ်မောင်းတယောက်ကို ဖမ်းမိခဲ့ပြီး စစ် ဆေးမေးမြန်းချိန်မှာတော့ သူ့ကို အဆိုပါဂူဆီ ရေသန့်ပို့ဆောင်ပေးဖို့ ငှားရမ်းခဲ့တာဖြစ် ကြောင်းနဲ့ ကင်းလှည့်တပ်က သူ့ကို လမ်းပြခိုင်းခဲ့ပြီး ခုလိုဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေထဲမှာ ဘုရားသုံးဆူ၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ထားဝယ်မြို့တွေက ပါဝင်ပြီး စမွတ်စာခွန်၊ ရက်ချဘူရီ၊ ကန်ချနဘူရီနဲ့ ဘန်ကောက်မှာ အ လုပ်လုပ်ဖို့အတွက် တယောက်ကို ပွဲစားခ ဘတ် ၁ သောင်းကနေ ၂ သောင်းခွဲထိ ပေးခဲ့ကြ ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူတို့ကို ရဲစခန်းမှာ ဉပဒေအရ လိုအပ်တဲ့ စစ်ဆေးအရေးယူမှုတွေ၊ နေ ရပ်ပြန်လည်ပို့ဆောင်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်လုံခြုံရေးအခြေအနေအရ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျှော့ချနိုင်ဖို့အတွက် ပိတ်ထားခဲ့ပြီး တင်းကြပ်ထားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် မကြာခဏ ခိုးဝင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလအထိ ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ် စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သူ အနည်းဆုံး ၆၈,၀၀၀ လောက်ရှိခဲ့ပြီး အဲဒီထဲမှာ အများစုက မြန်မာဘက်ကဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သားကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ အဒီဆွန် ကာ့ဒ်မွန်ကိုလ်က ပြောပါတယ်။
ဓာတ်ပုံ- ဘန်ကောက်ပို့စ်
ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၆ ယောက်ကို စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
စစ်သားတွေ၊ ရဲတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ ဆွိုင် ယော့ခ်ခရိုင်ထဲမှာ သူတို့စီးနင်းလိုက်ပါလာတဲ့ တိုယိုတာ ဗစ်ဂိုပစ်ကပ်ကားတစီးကို စစ်ဆေး တွေ့ရှိခဲ့ကြတာပါ။
ကားပေါ်မှာတော့ မြန်မာအမျိုးသား ၅ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့အတူ ကားကို မောင်းနှင်လာသူ ကန်ချနဘူရီမှ အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီး သီထိ ခန် ချန်ရူဝန်ကိုပါ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ ၆ ယောက်ဟာ မြန်မာနိုင်ငံ၊ ထား ဝယ်နဲ့ ပဲခူးမြို့တွေကနေ ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ထဲမှာ အလုပ်လုပ်ဖို့အတွက် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြတာဖြစ်ကာ တယောက်ကို ဘတ် ၁၈,၀၀၀ ကနေ ၂ သောင်းထိ ပွဲစားခ ပေးခဲ့ကြရတယ်လို့ ပြောပါတယ်။
ကားမောင်းပို့သူ ထိုင်းအမျိုးသမီး သီထိခန်ကတော့ သူ့အနေနဲ့ အလုပ်လုပ်မယ့် နေရာတွေအရောက် တယောက်ကို ဘတ်ငွေ ၃,၀၀၀ နဲ့ ပို့ဆောင်ခယူခဲ့တယ်လို့ ထွက်ဆို ပါတယ်။ လတ်တလောမှာတော့ သူတို့ကို ဆွိုင်ယော့ခ်ရဲစခန်းဆီ လွှဲအပ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ ကူးစက်ရောဂါဆိုင်ရာ အက်ဉပဒေချိုးဖောက်မှုတွေနဲ့ အ ရေးယူခံရမှာဖြစ်ကာ ကားမောင်းပို့သူ အမျိုးသမီးကတော့ တရားမ၀င်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကို အကူအညီပေးမှုနဲ့ တရားစွဲခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။