ခိုးယူမှု

A d v e r t i s e m e n t With Us

June 12, 2020

“ဆရာဝန်၊ ဆရာမတွေ အေးအေးဆေးဆေး လူနာကြည့်ပါရစေ” -ပုသိမ် ဆေးရုံအုပ်ကြီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ လူနာတွေနဲ့ တာဝန်ကျ ဆရာ ဆရာမတွေ၊ သူနာပြုတွေရဲ့ ဆိုင်ကယ်တွေ မကြာခဏ ခိုးယူခံနေရပါတယ်။ ပြီးခဲ့တဲ့ မေလပိုင်းကလည်း ဆိုင်ကယ်ခိုးယူခံရတာတွေရှိခဲ့ပြီး ခိုးယူသူ ၂ ဦး ကို CCTV မှတ်တမ်းအရ ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဇွန်လ ၁၁ ရက်မှာ ဆရာမ ၁ ဦးရဲ့ဆိုင်ကယ် ထပ်မံခိုးယူခံခဲ့ရတာပါ။ ခုလို ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဆိုင်ကယ်တွေ မကြာခဏခိုးယူခံနေရတာနဲ့ပတ်သက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က "ကျနော်တို့ ဆရာဝန်၊ ဆရာမတွေ အေးအေးဆေးဆေး လူနာကြည့်ပါရစေလားဗျာ" ဆိုပြီး သူ့ရဲ့ ဖေ့ဘွတ်စ်စာမျက်နှာပါ ရေးသားဖော်ပြထားပါတယ်။ ဆိုင်ကယ်ပျောက်ဆုံးခဲ့တဲ့ ဆရာမမှာ ကလေးဆောင်မှာ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ တာဝန်ကျနေရာမှ ပြန်ဖို့ထွက်လာချိန်မှာ ဆိုင်ကယ်မရှိတော့တာကို သိရှိခဲ့တာဖြစ်ပြီး ဆိုင်ကယ် ဝယ်ထားတာ ရက်ပိုင်းသာရှိသေးကာ တန်ဖိုး ကျပ် ၁၂ သိန်းဝန်းကျင်ရှိတဲ့ ဆိုင်ကယ်လည်းဖြစ်ပါတယ်။ ဆိုင်ကယ်ခိုးယူသူက အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးဖြစ်ပြီး အားလုံးပူးပေါင်းကာ ဆိုင်ကယ် ခိုးယူသွားတဲ့ CCTV မှတ်တမ်းရုပ်သံဖိုင်ကို ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးက သူ့ရဲ့ ဖေ့ဘွတ်စ့်စာမျက်နှာပေါ်တင်ထားပြီး ခိုးယူသွားသူတွေနဲ့ နေထိုင်ရာနေရာကို သိရှိပါကပြောပြပေးဖို့ ပြည်သူတွေကို အကူညီတောင်းခံထားပါတယ်။ မင်းထက်မုန်း (ပုသိမ်)
9 months Ago
Up