ခိုးဆိုးလုနှိုက်

January 19, 2019

တမူးတွင် ခိုးဆိုးလုနှိုက်များ ပိုများလာ၊ မူးယစ်ဆေးသုံးစွဲသူ အများဆုံး ကျူးလွန်

တမူးမြို့အတွင်းမှာ ယခင်နှစ်များထက် ခိုးဆိုးလုနှိုက်တွေ ပိုမိုများပြားလာပြီး နှစ်လအတွင်း ဆိုင်ကယ်ခိုးမှု၊ ဖုန်းခိုးမှု၊ ဆိုင်ဖောက်ထွင်းမှု၊ ဆိုင်အတွင်း လုယက်မှုတွေကို မူးယစ်ဆေးသုံးစွဲနေမှုများက အများဆုံး ကျူးလွန်နေကြောင်း သိရပါတယ်။ တမူးမြို့မရဲစခန်းမှူး ကိုဇော်ထွန်းက “ကျနော့်အ​နေနဲ့ ရပ်ကွက်အတွင်းက အခြေအ​နေတိုင်းကို မသိနိုင်​ဘူး။ ရပ်ကွက်အတွင်းက ပြည်​သူပူး​ပေါင်းမှ သိနိုင်​မှာပါ။ တမူး-အိန္ဒိယနယ်​စပ်​ဖြစ်​တယ်။ ​ဆေးသမား​တွေ​ရှိနေ​တော့ အခုကြား​နေတဲ့ အိမ်​ထဲထိ ဝင်​​ရောက်​ခိုး​နေတဲ့ အသံ​တွေကြား​နေရတယ်။ အမှုဖွင်​ရင်​ ခိုးသူရဲ့သဲလွန်​စရရင်​ ကျနော်တို့ တာဝန်​​ကျေ​အောင်​ လိုက်​ပြီးဖမ်းပါတယ်။ ​ရဲစခန်းအ​နေနဲ့ အခုရပ်ကွက်တိုင်းကို အ​ကြောင်းကြပြီး ရပ်​အတွင်းရှိ ပြည်​သူနဲ့ ပူး​ပေါင်းပြီး ကင်းလှည့်​ဖို့ ယခုရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး​တွေကို အ​ကြောင်းကြားထားပါတယ်​။ ရဲ​တွေအ​နေနဲ့ ကင်းလှည့်ပါတယ်။ လူမှူ​ရေးအသင်း​တွေလည်း ပါဝင်​ကူညီကြပါတယ်​။ ပြည်​သူပါပူး​ပေါင်းပါဝင်​​စေချင်​ပါတယ်” လို့ ပြောပါတယ်​။ ဒီခိုးဆိုးလုနှိုက်တွေဟာ ရပ်ကွက်တိုင်းလိုလိုဖြစ်နေပြီး မြန်မာ-အိန္ဒိယနပ်စပ်ဖြစ်တဲ့ No.(1) နဲ့ No.(2) ဂိတ်ကြား ဗိုလ်နိုင်ဝင်း လမ်းဘေးတဖက်တချက်တွေမှာ မူးယစ်ဆေးသုံးစွဲနေသူတွေ ကျက်စားနေတာကို တမူးမြို့ပေါ်ရှိ ဌာနဆိုင်ရာတွေနဲ့  အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးက ပြတ်ပြတ်သားသား ဝိုင်းဝန်းလုပ်ဆောင်နိုင်ကြဖို့ အရေးကြီးတဲ့ အချက်ဖြစ်နေတယ်လို့ တမူးမြို့သူမြို့သားတွေက ပြောဆိုနေကြပါတယ်။ ဈေးတန်းအုပ်​ချုပ်​​ရေးမှူး ဦးမြင့်​​မောင်​က “အခုခိုးယူမှု​တွေက ​တော်​များများဖြစ်​​နေပါတယ်။ ရဲစခန်းကို အမှုသိပ်​မဖွင့်ကြဘူး။ အမှုမဖွင့်ဘဲ ခိုးမှု အခုလအတွင်းကို ၇ အိမ်​​လောက်​ရှိပါတယ်။ အ​ကြောင်းကြာတာ​လောက်​ပဲ ရှိပါတယ်​​။ ငွေ​ကြေးသီးသန့်ယူတာမျိုးမဟုတ်​ဘဲ အဝတ်​အထည်​နဲ့ ​တွေ့တာ အကုန်​ယူတဲ့ပုံပါ​။ ဖောက်​ထွင်းသမားကြီး​တွေလို ​ရွှေ​ငွေအဓိကထား ခိုးတာမျိုးမကြားမိဘူး။ ​ဆေးသုံးစွဲသူအများစု ခိုးတယ်​လို့ ထင်​ပါတယ်​။ တခြားနယ်က လာ​ရောက်​ခိုးတယ်​ မထင်​ပါဘူး။ ဒီအတွက်လည်း ကျနော်တို့ ရပ်ကွက်တွေပူးပေါင်းပြီး ကင်းလှည့်မှာပါ” လို့ ​ဈေးတန်း အုပ်​ချုပ်​​ရေးမှူးဦးမြင့်​​မောင်​က ​ပြောပါတယ်။
2 years Ago
Up