ခိုးဆိုးလုယက်မှု

May 16, 2021

မူဆယ်မြို့တွင် လောင်းကစားဝိုင်းနှင့် ခိုးဆိုးလုယက်မှု ပိုများလာ

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မူဆယ်မြို့မှာ လောင်းကစားဝိုင်းတွေ၊ ဂိမ်းဆိုင်တွေ နှစ်ဆ ပိုများလာပြီး ခိုးဆိုးလုယက်မှုတွေ နေ့စဥ်နီးပါး ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာပဲ လောင်းကစားဝိုင်းတွေ၊ ဂိမ်းဆိုင်တွေကို ပေါ်တင်လုပ်ဆောင်လာကြတယ်။ အနည်းဆုံး ရပ်ကွက်တစ်ခုမှာ ၂ ရုံ၊ ၃ ရုံလောက်ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မူဆယ်မြို့မှာ အခုလို လောင်းကစားဝိုင်းတွေ ပေါ်လာတဲ့အပြင် မူးယစ်ဆေးသုံးသူတွေပါ ပိုများလာတာကြောင့် အရင်လို အနက်ရောင်နယ်မြေပုံစံ ပြန်ဖြစ်နေပြီလို့ သိရပါတယ်။

လောင်းကစားဝိုင်းတစ်ဝိုင်းကို သိန်း ၁၀၀ နဲ့ ၂၀၀ ကြား အာဏာသိမ်း စစ်တပ်ကို ပေးနေရတယ် ကြားတယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့မှာ အခုလို လောင်းကစားဝိုင်းတွေ၊ ဂိမ်းဆိုင်တွေ ပေါလာတာကြောင့် မူးယစ်ဆေးသုံးစွဲသူတွေလည်း ပေါ်တင်သုံးလာကြပြီး လူသတ်မှုတွေ၊ လုယက်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

7 months Ago
Up