ခိုင်သင်းကြည်

September 28, 2020

ခိုင်သင်းကြည်မွေးနေ့ ကိုဗစ်-၁၉ ကုသရေးစင်တာသို့ ငွေကျပ်သိန်း ၄၀ လှူဒါန်း

နာမည်ကြီး သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ ခိုင်သင်းကြည်က စက်တင်ဘာ လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့အလှူအဖြစ် ကိုဗစ်-၁၉ ယာယီကုသရေးဌာန(ဧ ရာဝတီစင်တာ)သို့ ငွေကျပ်သိန်း ၄၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဓမ္မဝိဟာရကျောင်းတိုက်ကိုလည်း ဆန်အိတ် ၂၀ လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ပရိသတ်တွေအတွက် အသိပေးမျှဝေ ထားခဲ့တာ ဖြစ်ပါတယ်။ ဟာသဇာတ်ရုပ်တွေမှာရော ဒရာမာဇာတ်ရုပ်တွေနဲ့ပါ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်ပြီး အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ခဲ့တဲ့ ခိုင်သင်းကြည်ဟာ ၂၀၁၃ ခုနှစ် မှာ “စုန်းပြူး”ရုပ်ရှင်ကားနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ “ကောင်းကျိုးကိုယ်၌တည်စေမင်း”ရုပ်ရှင်နဲ့ အကောင်း ဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားခဲ့သူ ဖြစ်ပါတယ်။ မနှစ်က ရုံတင်ပြသခဲ့တဲ့ ရုံတင်ဇာတ်ကားတွေထဲက အကယ်ဒမီ ဆန်ကာတင် ဒုတိ ယအဆင့်အဖြစ် ရုပ်ရှင်ကား ၂၉ ကား ရွေးချယ်ထားတဲ့ထဲမှာလည်း ခိုင်သင်းကြည် ပါဝင်သရုပ်ဆောင်ထားတဲ့ “ညစ်တွန်း”၊ “ရိုးမပေါ်ကျတဲ့မျက်ရည်”၊ “စရိုက်” စတဲ့ ရုပ်ရှင် ကားကောင်းတွေ ပါဝင်နေတာမို့ ထပ်မံပြီးတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါ တယ်။ ခုလတ်တလောမွေးနေ့အလှူနဲ့ ပတ်သက်ပြီးတော့ ခိုင်သင်းကြည်က “ရန်ကုန်မြို့ ကြီးနှင့်အတူ မြန်မာပြည်သူပြည်သားများ ကပ်ရောဂါဆိုးမှ အမြန်ဆုံးကင်းဝေးကြပြီး ကျန်းမာချမ်းသာ၍ ပျော်ရွှင်နိုင်ကြပါစေရှင်🙏🙏🙏”လို့ ဆုတောင်းပေးထားခဲ့တာကိုလည်း တွေ့ရပါတယ်။
7 months Ago

August 2, 2019

ခိုင်သင်းကြည်နှင့် နေခြည်ဦး အပြိုင်သရုပ်ဆောင်ပါဝင်သည့် “ပုရိသ”ရုပ်ရှင်(နမူနာ)

ခုနောက်ပိုင်း ရုပ်ရှင်ကားတွေမှာ ခပ်စိပ်စိပ် တွေ့လာရတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်နဲ့ သရုပ်ဆောင်မင်းသမီးသစ် နေခြည်ဦးတို့ အပြိုင်ခေါင်းဆောင် ပါဝင်ထားကြတဲ့ “ပုရိသ” ရုပ်ရှင်ကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ ဒီကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ပန်းချီ ရွှေအေးကိုရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ခိုင်သင်းကြည်နဲ့ နေခြည်ဦးကို အပျိုကြီး ထက်မြင့်မိုရ်နဲ့ အပျိုလေး ကောင်းကင်ပြာအနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ အကောင်းတကာ့အကောင်းဆုံး ယောကျာ်းကိုမှ ခေါင်းခေါက်ရွေးချယ်ကြမယ့် သူတို့ ၂ ယောက်နဲ့ ပတ်သက်ဆက်နွယ်လာကြမယ့် အမျိုးသားတွေကြားက အဖြစ်အပျက်တွေကို အချစ်၊ ဟာသ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ခိုင်သင်းကြည်၊ နေခြည်ဦးတို့နဲ့အတူ တခြားသရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ ကျော်ရဲအောင်၊ ရဲအောင်၊ ထက်အောင်သျှိုင်း၊ တိုင်ရွန်၊ ချမ်းမင်းရဲထွဋ် စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ရန်သူ၊ ဒဏ္ဍာရီမိုး ဇာတ်ကားတွေနဲ့ ပရိသတ် လက်ခံအားပေးမှု ရရှိခဲ့သူဖြစ်တာမို့ တတိယမြောက်ရုပ်ရှင် ဖြစ်လာတဲ့ ဒီရုပ်ရှင်ကားကရော ဘယ်လို ကွဲပြားတဲ့ ပုံစံတွေနဲ့ တွေ့မြင်ရမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ပုရိသ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #Zawgyi_version ခိုင္သင္းၾကည္ႏွင့္ ေနျခည္ဦး အၿပိဳင္သ႐ုပ္ေဆာင္ပါဝင္သည့္ “ပုရိသ”႐ုပ္ရွင္(နမူနာ) DVB ခုေနာက္ပိုင္း ႐ုပ္ရွင္ကားေတြမွာ ခပ္စိပ္စိပ္ ေတြ႕လာရတဲ့ ဝါရင့္သ႐ုပ္ေဆာင္ မင္းသမီး ခိုင္သင္းၾကည္နဲ႔ သ႐ုပ္ေဆာင္မင္းသမီးသစ္ ေနျခည္ဦးတို႔ အၿပိဳင္ေခါင္းေဆာင္ ပါဝင္ထားၾကတဲ့ “ပုရိသ” ႐ုပ္ရွင္ကို လာမယ့္ ၾသဂုတ္လ ၈ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါ တယ္။ ဒီကားကိုေတာ့ စိန္ေဌး႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ပန္းခ်ီ ေ႐ႊေအးကိုရဲ႕ ဇာတ္လမ္းကို ဒါ႐ိုက္တာ ကိုေဇာ္(အ႐ုဏ္ဦး)က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ခိုင္သင္းၾကည္နဲ႔ ေနျခည္ဦးကို အပ်ိဳႀကီး ထက္ျမင့္မိုရ္နဲ႔ အပ်ိဳေလး ေကာင္းကင္ျပာအေနနဲ႔ ပရိသတ္ေတြက ရႈစားၾကရမျဖစ္ပါတယ္။ အေကာင္းတ ကာ့အေကာင္းဆုံး ေယာက်ာ္းကိုမွ ေခါင္းေခါက္ေ႐ြးခ်ယ္ၾကမယ့္ သူတို႔ ၂ ေယာက္နဲ႔ ပတ္သက္ဆက္ႏြယ္လာၾကမယ့္ အမ်ိဳးသားေတြၾကားက အျဖစ္အပ်က္ေတြကို အခ်စ္၊ ဟာသ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ခိုင္သင္းၾကည္၊ ေနျခည္ဦးတို႔နဲ႔အတူ တျခားသ႐ုပ္ေဆာင္မင္း သားေတြျဖစ္ၾကတဲ့ ေက်ာ္ရဲေအာင္၊ ရဲေအာင္၊ ထက္ေအာင္သွ်ိဳင္း၊ တိုင္႐ြန္၊ ခ်မ္းမင္းရဲထြဋ္ စတဲ့ သ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ ရန္သူ၊ ဒ႑ာရီမိုး ဇာတ္ကားေတြနဲ႔ ပရိသတ္ လက္ခံအားေပးမႈ ရရွိခဲ့သူျဖစ္တာမို႔ တတိယေျမာက္႐ုပ္ရွင္ ျဖစ္လာတဲ့ ဒီ႐ုပ္ရွင္ကားကေရာ ဘယ္လို ကြဲျပားတဲ့ ပုံစံေတြနဲ႔ ေတြ႕ျမင္ရမလဲ ဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ပုရိသ ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အ ႀကိမ္ေရ ၂ သန္းနီးပါး ရွိေနခဲ့တာ ျဖစ္ပါတယ္။
2 years Ago
Up