ခိုင်ဝန်ကြီးချုပ်

November 9, 2020

ဂွမြို့နယ်၌ ရခိုင်ဝန်ကြီးချုပ်အပါအဝင်  အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း အားလုံး အနိုင်ရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ယှဉ်ပြိုင်တဲ့ ဂွမြို့နယ်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရသွားတယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ရီက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။ "ဝန်ကြီးချုပ်က ဂွမြိုနယ် ပြည်နယ်မဲဆန္ဒနယ် ၂ က ဝင်ပြိုင်တာပါ။ သူအပါအဝင် နေရာအားလုံးအနိုင်ရတာ သေချာသွားပါပြီ။ နောက်မြို့တွေကလည်း အနိုင်ရတာတွေ ရှိတယ်၊ အတည်မပြုနိုင်သေးဘူး။"လို့ ​ပြောပါတယ်။ ဂွမြို့နယ်မှာ အန်အယ်လ်ဒီအနိုင်ရတဲ့ နေရာတွေကတော့ ရခိုင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နဲ့ (၂)၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာတွေ ဖြစ်တယ်လို့   သိရပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အန်အယ်လ်ဒီပါတီက ချင်းတိုင်းရင်းသားရေးရာနေရာ အပါအဝင် ကိုယ်စားလှယ်လောင်း ၆၄  ယောက် ဝင်ပြိုင်ပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာတော့ ရခိုင်အမျိုးသားပါတီ (ANP) က အမတ်နေရာ ၄ နေရာလုံး အပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ လင်းလက်
2 years Ago
Up