ခါးပိုက်နှိုက်

April 15, 2018

ရန်ကုန်သင်္ကြန်အကျနေ့ ခါးပိုက်နှိုက် ၁၃ မှု ဖမ်းဆီးမိ

ဧပြီ ၁၄ ရက်၊ သင်္ကြန်အကျနေ့က ရန်ကုန်တိုင်းမြို့နယ် ၃ ခုက ခါးပိုက်နှိုက်မှု ၁၃ မှု ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ရေကစားမဏ္ဍပ်တွေမှာ ရေကစားနေသူတွေဆီက ခါးပိုက်နှိုက်ယူနေတုန်း ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ ကျောက်တံတားမြို့နယ်မှာ ၂ မှု၊ လသာမြို့နယ်မှာ ၁၀ မှု၊ လှိုင်သာယာမြို့နယ်မှာ ၁ မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုအသီးသီးဖွင့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
3 years Ago
Up