ခါးထောင်းဖားပွဲတေ

December 20, 2019

အာခါရိုးရာ စုပေါင်းခါးထောင်းဖားပွဲတော်ကို တာချီလိတ်တွင် ကျင်းပ (ဓာတ်ပုံ)

၁၂ ကြိမ်မြောက် အာခါရိုးရာ စုပေါင်းခါးထောင်းဖားပွဲတော်ကို ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့ပါတယ်။ အာခါရိုးရာစုပေါင်း ခါးထောင်းဖားပွဲတော်ကို ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ ၃ ရက်ကြာ ကျင်းပတာဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်က ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့တာပါ။ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလနဲ့ အရပ်ဘက်၊ စစ်ဘက်ဌာနဆိုင်ရာအကြီးအကဲတွေ၊ အာခါတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အာခါလူမျိုးတွေ တက်ရောက်ခဲ့ကြပါတယ်။ Photo - MeKongNews / MPA
2 years Ago
Up