ခါမေနီ

February 21, 2020

အီရန်ရွေးကောက်ပွဲ ပြည်သူများ ဆန္ဒမဲပေး၊ ဘာသာရေးခေါင်းဆောင် ခါမေနီ ဦးဆုံးလာရောက် မဲထည့်

အီရန်ပါလီမန်ရွေးကောက်ပွဲတွေကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ကျင်းပခဲ့ပြီး  အီရန်ပြည်သူတွေ လာရောက်ဆန္ဒမဲပေးခဲ့ရာမှာ ထိပ်တန်းဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက  ဦးဆုံး လာရောက် မဲထည့်ခဲ့ပါတယ်။   သဘောထားတင်းမာသူတွေကို ထောက်ခံတဲ့ နိုင်ငံရေးနယ်ပယ်မှာ  ထောင်ချီတဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ ဝင်ရောက်ခွင့် တားမြစ်ပြီးနောက် အီရန်နဲ့ အမေရိကန် ဆက်ဆံရေးပြောင်းလဲဖွယ် မရှိပါဘူး။  အဲဒီနောက် အယာတိုလာ ခါမေနီက ပါလီမန်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးတာက ဘာသာရေးတာဝန် ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။  အီရန်နိုင်ငံတဝှမ်း ပါလီမန်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၅၈ သန်းရှိပြီး မဲဆန္ဒရှင်တွေဟာ အမတ်နေရာ ၂၉၀ ရှိတဲ့ အီရန်ပါလီမန်အတွက် မဲပေးကြတာပါ။   မဲဆန္ဒရှင် တယောက်ကတော့ နိုင်ငံစီးပွားရေး ပိုမိုကောင်းမွန်ပြီး အစိုးရနဲ့ ပြည်သူအကြား ကွာဟချက် ကျဉ်းမြောင်းစေလိုတယ်လို့ ပြောခဲ့ပါတယ်။  ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပိုမိုအထီးကျန်လာပြီး ပြည်တွင်းမှာလည်း စီးပွားရေးကျဆင်းတာတွေ ကြုံနေရတဲ့ အီရန်နိုင်ငံမှာ ရွေးကောက်ပွဲ ဆန္ဒမဲပေးသူအရေအတွက်ဟာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ပြသနာကိုင်တွယ်ပုံအပေါ် လူထုဆန္ဒခံယူပွဲ လုပ်တဲ့သဘော သက်ရောက်တယ်လို့ ကျွမ်းကျင်သူတွေ က ပြောကြပါတယ်။ 
2 years Ago
Up