ခါဘူကီပြဇာတ်ရုံ

A d v e r t i s e m e n t With Us

August 1, 2020

၅ လကြာ ရပ်ထားသည့် ဂျပန်ရိုးရာ ခါဘူကီပြဇာတ်ရုံကြီး ပြန်လည်ဖွင့်လှစ်

၅ လကြာ ရပ်နားပြီး သြဂုတ် ၁ ရက်မှာ ပြန်ကပြတဲ့ ဂျပန်ရိုးရာ ခါဘူကီပြဇာတ်ရုံကြီးမှာ ဂီတပညာရှင်တွေက နှာခေါင်းစည်းတပ် တီးမှုတ်ကြသလို ကပြဖျော်ဖြေသူတွေကလည်း တဦးနဲ့တဦး ခပ်ခွာခွာ အနေအထားနဲ့ တင်ဆက်ပါတယ်။  တိုကျိုက နာမည်ကျော် ခါဘူကီဇာ ပြဇာတ်ရုံကြီး ပြန်ဖွင့်ချိန်ဟာ ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှုတွေ ခေါင်းထောင်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။  ခါဘူကီဇာ ပြဇာတ်ရုံ မန်နေဂျာကလည်း ဂျပန်အစိုးရပဲ ဖြစ်ဖြစ်၊ တိုကျိုအစိုးရပဲ ဖြစ်ဖြစ်  မေတ္တာရပ်ခံလာရင် သင့်တော်သလို တုံ့ပြန်ပြောဆိုပြီး ပြဇာတ်နဲ့ လိုက်လျောညီထွေ ဖြစ်မယ့် နည်းလမ်းကို စဉ်းစားဖို့ လိုအပ်တယ်လို့ ဇူလိုင် ၃၁ ရက်က သတင်းထောက်တွေကို ပြောပါတယ်။ သြဂုတ်လ ၁ ရက်နေ့မှာတော့ ပြဇာတ်ရုံအပြင်ဘက်မှာ နှာခေါင်းစည်းတပ်ထားတဲ့ ပရိသတ်တွေက ရုံထဲမဝင်မီ အပူချိန် စစ်ဆေးတာကို ခံယူနေပါတယ်။ ပြဇာတ်ရုံထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် သင့်တင့်တဲ့ အကွာအဝေးရှိစေဖို့ ထိုင်ခုံတွေကို ကြိုးတွေနဲ့ ချည်ထားပါတယ်။ အစမ်းလေ့ကျင့်ချိန်မှာ ဇာတ်စင်အကူတွေက နှာခေါင်းစည်းနဲ့ မျက်နှာကာ နှစ်ခုစလုံး တပ်ထားပေမယ့် မျက်နှာကာတွေဟာ သိပ်အလုပ်မတွင်တာမို့ တကယ်တင်ဆက်ချိန်မှာ နှာခေါင်းစည်းပဲ တပ်ထားမယ်လို့ ဆိုပါတယ်။ ဇူလိုင် ၃၁ ရက်က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ  စံချိန်တင်  ၄၆၃ ယောက် ရှိခဲ့ပြီး ဒီထက်အခြေအနေဆိုးလာရင် အရေးပေါ်အခြေအနေ ကြေညာမယ်လို့ တိုကျိုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
6 months Ago
Up