ခါဘာရော့ဗ်စ်ဒေသ

September 20, 2020

ရုရှား ခါဘာရော့ဗ်စ်ဒေသအုပ်ချုပ်ရေးမှူးဟောင်းအမှု မျှတစေရေး ထောက်ခံသူများ ဆန္ဒပြ

ရုရှားအရှေ့ဖျား ခါဘာရော့ဗ်စ်ဒေသမှာ စက်တင်ဘာလ ၁၉ ရက်က  ထိန်းသိမ်းခံ ပြည်နယ်အုပ်ချုပ်ရေးမှူးအတွက် မျှတတဲ့ တရားစီရင်ရေးရဖို့ ထောက်ခံသူတွေ ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။  ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဆာဂျီဖူဂါးရဲ့အယူခံကို မော်စကိုတရားရုံးက  စက်တင်ဘာ ၁၈  ရက်မှာ ပယ်ချခဲ့ပါတယ်။  ဇူလိုင် ၉ ရက်က  ဆာဂျီဖူဂယ်ကို လူသတ်မှု စွဲချက်တွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခဲ့ပြီး အဲဒီ စွဲချက်တွေကို ဖူဂယ်က ငြင်းဆိုထားပါတယ်။  ဖူဂယ့်ကိုဖမ်းဆီးတာဟာ နိုင်ငံရေးအရ လှုံ့ဆော်တာဖြစ်တယ်လို့ ထောက်ခံသူတွေကဆိုပြီး သီတင်းပတ်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။  သမ္မတ ပူတင်က ယာယီပြည်နယ်အုပ်ချုပ်ရေးမှူးသစ်ကို ခန့်အပ်ခဲ့ပေမယ့် ဆန္ဒပြသူတွေက အဲဒီလူဟာ ခါဘာရော့ဗ်စ်ဒေသနဲ့မသက်ဆိုင်ဘဲ သူ့ကို ရာထူးက ဆင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။  ရုရှားလစ်ဘရယ်ဒီမိုကရက်တစ်ပါတီဝင် တဦးဖြစ်တဲ့ ဖူဂယ်ဟာ လက်ရှိ အာဏာရ ယူနိုက်တက်ရုရှားပါတီက ပြိုင်ဘက်ကို အနိုင်ရပြီးနောက် ၂၀၁၈ ခုနှစ်မှာ အာဏာရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
Up