ခါချဉ်ဥကို လုစားသူ (ရုပ်သံ)

January 13, 2018

ခါချဉ်ဥကို လုစားသူ (ရုပ်သံ)

ဈေးထဲမှာ အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ ငှက်ပျောဖက်ထဲထည့်ပြီး ရောင်းချတဲ့ ခါချဉ်ဥ ဖြူဖြူလေးတွေ စားဖူးကြပါသလား။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အီဆန်ဒေသက လူတယောက်ကတော့ အဲဒီခါချဉ်ဥတွေကို သူကိုယ်တိုင် ခါချဉ်အုံကနေ ခါချပြီး လုစားရတာကို ကျေနပ်နေပါတယ်။ သူဟာ ခါချဉ်အုံရှိရာ အပင်အောက်ရောက်လာပြီး အဲဒီမှာပဲ ငရုပ်သီး၊ သံပုရာသီး၊ နံနံပင်၊ ငန်ပြာရည်၊ ဆန်လှော်မှုံ့ စတာတွေနဲ့ တို့စရာ အချဉ်ရေ အရင်လုပ်လိုက်ပါတယ်။ အဲဒီနောက် ခါချဉ်ဥ များများကျပါစေလို့ ဆုတောင်းပြီး ခါချဉ်အုံကြီးကို ပန်းကန်ထဲ ခါချလိုက်ပါတယ်။ ဥဖြူဖြူနဲ့အတူ ခါချဉ်တွေ ရောပါလာပေမယ့် သူကတော့ မမှုဘဲ အားရပါးရ စားပြနေတာပါ။ အခုလို ခါချဉ်ဥတွေ လတ်လတ်ဆတ်ဆတ်စားပြတဲ့ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘုတ်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့အတွက် ဝေဖန်သူတွေရှိသလို တချို့ကလည်း သူတို့ဒေသ အလေ့အထလို့ ပြောပါတယ်။ အီဆန်ဒေသ ဘယ်မြို့ ဘယ်ရွာကလဲ ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။
3 years Ago
Up