ခရီးသွားသတိပေး

September 16, 2021

ဖှုကျန်းပြည်နယ်၌ ကိုဗစ်ကူးစက်ခံရသူ ၁၅၀ ကျော်ထပ်တွေ့သဖြင့် ခရီးသွားသတိပေး ချက်ထုတ်

တရုတ်နိုင်ငံ၊ ဖှုကျန်းပြည်နယ်မှာ ၅ ရက်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ပြည်တွင်းနေချင်း ကူးစက်ခံရသူ ၁၅၂ ယောက်တွေ့ရှိလို့ နိုင်ငံရဲ့တခြားမြို့တွေမှာ ခရီးသွားမှု သတိပေးချက် ထုတ်ပြန် ခဲ့ရပါတယ်။

အောက်တိုဘာ ၁ ရက်က စပြီး သီတင်းပတ် တပတ်ကြာ အမျိုးသားနေ့ အားလပ်ရက် မတိုင်ခင် ခရီးသွားသတိပေးချက်တွေကို ထုတ်ပြန်လိုက်တာပါ။

လာမယ့်သီတင်းပတ်မှာလည်း ဆောင်းဦးအလယ်ပွဲတော် အားလပ်ရက် ရှိတာမို့ အကြီးစား ခရီးသွားရာသီချိန် ဖြစ်နေပါတယ်။ 

ရှားမဲန်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံ ဟုတ်မဟုတ် အစစ်ခံဖို့ တန်းစီနေပုံ ရုပ်သံကိုလည်း အစိုးရမီဒီယာ CCTV က ပြသ ခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်နောက်ပိုင်းမှာ ပြည်တွင်းကူးစက်မှုအသစ် အားလုံးက နိုင်ငံအရှေ့တောင်ပိုင်း ဖှုကျန်းပြည်နယ်ကလို့ အစီရင်ခံ ထားပေမဲ့ အရှေ့မြောက်ပိုင်းက ကျိလင်းပြည်နယ်၊ မြောက်ဖျားပိုင်းက ရှန်းရှီးနဲ့ ဟေလောင်ကျန်းပြည်နယ်၊ တောင်ပိုင်းက မော်မင်နဲ့ ကွမ်ကျိုး ပြည်နယ် တွေမှာလည်း မဖြစ်မနေမဟုတ်ဘဲ ပြည်နယ်တွေ အပြင်ကို ခရီးမသွားကြဖို့ ဒေသခံတွေကို အကြံပြု ထားပါတယ်။

မွန်ဂိုလီးယားအတွင်းပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်က ဟိုဟော့နဲ့ ချိဖှုန့်မြို့တွေမှာလည်း ဒေသခံတွေ အားလပ်ရက်မှာ အိမ်ထဲမှာပဲ နေကြဖို့ အကြံပြု ထားပါတယ်။

2 years Ago
Up