ခရီးသွားရာဇဝင်

A d v e r t i s e m e n t With Us

January 23, 2021

ချောက်မြို့တွင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူ များလာ

မကွေးတိုင်း ချောက်မြို့မှာ ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူတွေ တိုးလာပြီး ဇန်နဝါရီလအတွင်း ပိုးတွေ့လူနာ များလာတယ်လို့  ချောက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။  “အနံပျောက်လူနာတွေ များလာတာက ရောဂါကူးစက်မှုရှိနေတာကို မီးမောင်းထိုးပြနေတာ၊ ဒီအပေါ်မှာ ပြောချင်တာက အနံ့ပျောက်သူတွေက ပျောက်ပျောက်ခြင်း အုပ်ချုပ်ရေးတို့၊ ကျန်းမာရေးတို့ကို ပြောစေချင်တာ။ တော်တော်ကြာမှပြောတော့ သူတို့ကနေ တခြားသူတွေကို ထပ်ဖြန့်ဝေသလိုဖြစ်နေတာ။ အနံ့ပျောက်တယ်၊ သံသယ ရှိကတည်းက အပြင်မထွက်ဘဲ ကိုယ်အိမ်မှာကိုယ်နေပြီး ဆက်သွယ်စေချင်တယ်။” ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း အနံ့ပျောက်သူ လေးဦးကို ခေါ်ယူစစ်ဆေးခဲ့ရာမှာ လေးဦးလုံး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။  ချောက်မြို့နယ်အတွင်းမှာ ဇန်နဝါရီ ၁ လအတွင်း ပိုးတွေ့လူနာ ၅၉  ဦးအထိ ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၄၇ ဦးထိရှိနေပြီလို့ သိရပါတယ်။  အဲဒီထဲက ရောဂါသက်သာပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားသူတွေရှိပြီး လက်ရှိမှာတော့ ကုသဆဲ ပိုးတွေ့လူနာ ၃၇ ဦးအထိရှိနေတာကြောင့် Positive Center ဒုတိယ နေရာတစ်ခုကို ထပ်မံတိုးချဲ့ထားတယ်လို့ မြို့နယ် ကျန်းမာရေးဌာနက ပြောပါတယ်။  ကိုလင်း(ချောက်)
1 month Ago

April 15, 2020

မကွေးတိုင်းက COVID-19 အတည်ပြုလူနာ အမှတ် ၅၃ ၏ ခရီးသွားရာဇဝင်

COVID-19 ရောဂါအတည်ပြုလူနာ အမှတ် ၅၃  (Case-53) လူနာရဲ့ ခရီးသွားရာဇဝင်နဲ့ ကျန်းမာရေး စစ်ဆေးချက်တွေကို ဧပြီလ ၁၄ ရက်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ မြို့သစ်မြို့နယ် က COVID-19 ရောဂါ Case-53 လူနာ အမျိုးသားဟာ မတ်လ ၂၉ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံကနေ ထွက်ခွာလာပြီး မွန်းလွဲ ၂ နာရီလောက်မှာ  မြဝတီမြို့ကို ရောက်ရှိလာကာ မြဝတီမြို့ကနေ ညနေ ၅ နာရီခန့်မှာဘဲ ခရီးသွားဖော် ၈ ဦးနဲ့အတူ ပွင့်သစ်စရတနာ မှန်လုံ အမြန်ယာဉ်နဲ့ ရန်ကုန်မြို့ကို ထွက်ခွာလာတာဖြစ်ပါတယ်။ မတ်လ ၃၀ ရက် မနက် ၄ နာရီမှာ ရန်ကုန်  အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ရောက်ရှိပြီး အဝေးပြေးကနေ ကား(စိစစ်ဆဲ)နဲ့ ဆက်လက်ထွက်ခွာလာရာ မတ် လ ၃၀ ရက် နေ့လည် ၁၂ နာရီမှာ ပြည်မြို့ကို ရောက်ရှိခဲ့ပါတယ်။  ပြည်မြို့မှာ ကျန်းမာရေးစစ်ဆေးမှုတွေခံယူပြီး တရွာတည်းနေ ခရီးသွားဖော် ၅ ဦးနဲ့အတူ ဇာနည်အောင် မှန်လုံယာဉ်နဲ့  မြို့သစ်မြို့ကို ဆက်လက်ထွက်ခွာလာရာ မတ်လ ၃၀ ရက် ည ၇နာရီကျော်မှာ မြို့သစ်မြို အ.ထ.က(၁) COVID-19 စစ်ဆေးရေး စင်တာသို့ ရောက်ရှိခဲ့ပါတယ်။ မြို့သစ်မြို့ COVID-19 စစ်ဆေးရေး စင်တာမှာတော့  အဆိုပါ ပုဂ္ဂိုလ်နဲ့အတူ ခရီးသွားဖော် ၅ ဦးကို ကျန်းမာရေး စစ်ဆေးခဲ့ပြီး Facility Quarantine ပြုလုပ်ကာ ဓာတ်ခွဲစစ်ဆေးချက်တွေ အရ ဧပြီလ ၁၃ ရက်နေ့ညက သူ့မှာ  ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့တာပါ ။  လူနာကို ဧပြီ ၁၄ ရက် မနက်ပိုင်းမှာ မကွေးတိုင်ပြည်သူ့ဆေးရုံကြီးရှိ သီးခြားကုသဆောင်ကို ပို့ဆောင်ကုသပေးထားပြီး  ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။ မြို့သစ်မြို့ အ.ထ.က(၁) COVID-19 စစ်ဆေးရေးစင်တာမှာ ပြည်ပကပြန်ဝင်လာသူ ၂၃ ဦးအနက် ၁၃ ဦးကို ဓာတ်ခွဲနမူနာပေးပို့ခဲ့ရာ ရောဂါပိုးရှိသူ တစ်ဦးတွေ့ရှိခဲ့ပြီး ခရီးသွားဖော် ၅ ဦးအပါအဝင်ကျန်ရှိသူ ၁၀ ဦးကိုလည်း ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးသွားမယ်လို့သိရပါတယ်။ သတင်း-မင်းထီး
11 months Ago
Up