ခရီးသွားဆိုင်ရာလုပ်ငန်းများ

May 21, 2020

ဂရိတွင် ခရီးသွားဆိုင်ရာလုပ်ငန်းများအပေါ် ထပ်တိုးတန်ဖိုးခွန် လျှော့မည်

ဂရိနိုင်ငံရဲ့ခရီးသွားကဏ္ဍနဲ့ စီးပွားရေး ပြန်အားကောင်းစေဖို့ ခရီးသွားလက်မှတ်၊ ကော်ဖီနဲ့ တခြားအဖျော်ယမကာတွေအပေါ် ကောက်ခံတဲ့ ထပ်တိုးတန်ဖိုးခွန်ကို လျှော့သွားမယ်လို့  ဂရိ ဝန်ကြီးချုပ်က ပြောပါတယ်။ ဧပြီနဲ့မေလမှာ ဂရိခရီးသွားလုပ်ငန်း အနိမ့်ဆုံးကျဆင်းခဲ့ပြီး ဦးစားပေးလုပ်ငန်းက  အလုပ်အကိုင်တွေကို ကာကွယ်ပေးဖို့ နဲ့  ၂၀၂၁ မှာ  တန်ပြန်  ဖြစ်လာနိုင်တာကို ပြင်ဆင်ဖို့အတွက်  ပညာရှင်တွေကိုကူညီပေးဖို့ ဖြစ်တယ်လို့  ဝန်ကြီးချုပ်  ကီရီယာကို မီချိုသာကီက ပြောပါတယ်။  ဆယ်စုနှစ်ကြာ ကြွေးမြီအကျပ်အတည်း ကြုံခဲ့ပြီးနောက် ၂၀၁၈ မှာ  နိုင်ငံတကာ ငွေကြေး အကူအညီကနေ လွတ်မြောက်ခဲ့တဲ့  ဂရိဟာ စီးပွားရေး ပြန်ထူထောင်ရေးအတွက် ခရီးသွား လုပ်ငန်းကို မှီခိုအားထားနေရပါတယ်။   မနှစ်က ဂရိကိုလာရောက်လည်ပတ်တဲ့ ခရီးသွား  သန်း ၃၀ ကျော်ရှိခဲ့ပြီး  ဂရိနိုင်ငံသား ၅ ယောက်မှာ  တစ်ယောက်က ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေတယ်လို့ ရိုက်တာသတင်းက ရေးပါ တယ်။ 
11 months Ago
Up