ခရီးသွားဧည့်သည်များရှေ့ ငါးမန်းဖြူကြီးက ပင်လယ်ဖျံကို ကိုက်ဖြတ်စား (ရုပ်သံ)

April 2, 2017

ခရီးသွားဧည့်သည်များရှေ့ ငါးမန်းဖြူကြီးက ပင်လယ်ဖျံကို ကိုက်ဖြတ်စား (ရုပ်သံ)

ငါးမျှားလှေနဲ့လိုက်ပါလာတဲ့ ခရီးသွားဧည့်သည်တွေက သူတို့ရှေ့မှာ ငါးမန်းဖြူကြီးတစ်ကောင် ပင်လယ်ဖျံနောက်ကို လိုက်ပြီး ဖမ်းဆီးစားလိုက်တဲ့ ထူးခြားမြင်ကွင်းကို အမိအရ ရုပ်သံမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မေရာရဲ့ ဧပြီလ ၁ ရက်နေ့ ရုပ်သံထဲမှာ ငါးမန်းကြီးက တောင်အာဖရိက ကမ်းရိုးတန်း တစ်လျှောက် ရေပြင်အောက်မှာ ကူးခတ်နေတာ တွေ့ရပါတယ်။ အဲ့ဒီနောက် ပင်လယ်ဖျံ တစ်ကောင်မြင်ကွင်းထဲရောက်လာပြီးနောက် ငါးမန်းနဲ့ ပင်လယ်ဖျံတို့ တစ်ကောင်နဲ့ တစ်ကောင် နီးကပ်စွာ ကူးခတ်နေကြတာကိုလည်း ရုပ်သံထဲမှာ မြင်ရပါတယ်။ ငါးမန်းဖြူကြီးက ရေထဲကနေ ရုတ်တရက် ပေါ်ထွက်လာတဲ့အထိ ရုပ်သံထဲမှာ လူတွေ စကားပြောနေတာ ရယ်မောနေကြတာကိုလည်း ကြားရမှာပါ။ အဲ့ဒီနောက် ပင်လယ်ဖျံ ရေပေါ်ကို ပေါ်လာတဲ့အချိန်နဲ့ အချိန်ကိုက် ငါးမန်းဖြူကြီးက ပင်လင်ဖျံကို ဆတ်ကနဲ ပါးစပ်နဲ့ဆွဲယူ စားသွားတာပါ။ အနီးအနား လှေက ခရီးသွားဧည့်သည်တွေလည်း အထိတ်တလန့် အော်ဟစ်ကြပါတယ်။ ရုတ်တရက်ဆိုသလို စကားပြောနေကြရာကနေ အထိတ်တလန့် အော်ဟစ်ရတဲ့ အထိဖြစ်သွားခဲ့တာပါ။ ဒီရုပ်သံကို တောင်အာဖရိကနိုင်ငံ ကိတ်ပ်တောင်းမြို့အနီးရှိ ဂန်စဘေးမြို့ကလေးမှာ ရိုက်ကူးတာလို့ သိရပါတယ်။
5 years Ago
Up