ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ထဲကို ပြည်တွင်း ပြည်ပက ခရီးသွားတွေ လည်ပတ်နိုင်ဖို့နဲ့ ကျေးလက်အခြေပြု ခရီးသွားလုပ်ငန်းတွေကို တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မီဒီယာတွေနဲ့ မိတ်ဆက်ခဲ့ပါတယ်။
တွံတေးမြို့ရဲ့ ကျေးလက်ဒေသတွေနဲ့ သမိုင်းဝင်နေရာတွေကို ကမ္ဘာလှည့်ခရီးသွားတွေ သိရှိဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ တွံတေးမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောပါတယ်။
ကျေးလက်အခြေပြု ခရီးသွားလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ တွံတေးမြို့ ကျိုက်သလဲကျေးရွာအလယ်မှာ ၂၀၁၇ ဖေဖော်ဝါရီက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
4 years Ago