ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဘဏ်

June 12, 2019

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့ခရီးသွားဘဏ်က ငွေစတင်ထုတ်ချေး

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး ငွေကြေးလည်ပတ်မှုအဆင်ပြေဖို့အတွက် ရည်ရွယ်ပြီး ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို မြန်မာ့ခရီးသွားဘဏ်က ချေးငွေတွေ  ဇွန်လ ၁၂ ရက်ကစပြီး ထုတ်ချေးနေပါတယ်။ ချေးငွေကိုတော့ ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ သူတွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွား မယ့်သူတွေက ချေးယူခွင့်ရမှာဖြစ်တယ်လို့  မြန်မာ့ခရီးသွားဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးစောဘိုဘိုက ဒီကနေ့ ဇွန်လ ၁၂ ရက်က ကုန်သည်နဲ့ စက်မှု အသင်းချုပ်မှာ ကျင်းပတဲ့ မြန်မာ့ခရီးသွားဘဏ်ရဲ့ အထူးဝန်ဆောင်မှုရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ အတိုးနှုန်းကတော့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အတိုးနှုန်းတွေဖြစ်တဲ့ ၁၃ ရာခိုင်နှုန်း ကနေ ၁၆ ရာခိုင်နှုန်းအထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ ချေးငွေကိုတော့ အပေါင်ပစ္စည်းပေးအပ်ပြီး ချေးယူတာနဲ့ အပေါင်ပစ္စည်းမဲ့ချေးယူတဲ့ ပုံစံ တွေနဲ့ ချေးယူရမှာပါ။ ဒါ့အပြင် ချေးငွေထုတ်ချေးဖို့အတွက် ပမာဏကိုတော့ လုပ်ငန်းအပေါ်မူတည်ပြီး ဘဏ်ကနေ ထုတ်ချေးပေးသွားမှာဖြစ်ပြီး တနှစ်အတွင်း ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံတကာက ခရီးသွား လုပ်ငန်းတွေနည်းတူ လုပ်ဆောင်နိုင်အောင် အစိုးရပိုင်းကလည်း ငွေးကြေးသုံးစွဲတာတွေနဲ့ လက်ရှိဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ အတိုးနှုန်းကို ပြန်လည်ပြင်ဆင်ပေးဖို့ အကြံပြုထာတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း  အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။
2 years Ago

July 20, 2015

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဘဏ် ဖွင့်နိုင်ရေး ဗဟိုဘဏ် ခွင့်ပြုချက် စောင့်ဆိုင်း

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်လာစေမယ့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဘဏ် ဖွင့်လှစ်နိုင်ဖို့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲပဲလို့ eturbonews မှာဖော်ပြပါတယ်။ အဲဒီဘဏ်ရဲ့စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းတင်က “အစက ကျနော်တို့ မေလမှာ လိုင်စင်ရမယ်လို့ မျှော်မှန်းထားတာ၊ ခုထိမရသေးဘူး။ လိုင်စင်ရရင် နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ ပထမဆုံး ဖွင့်သွားမှာပါ” လို့ ပြောပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဘဏ်ဟာ ဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ထောက်ပံ့ကူညီမှု၊ ချေးငွေကဏ္ဍတွေမှာ ပံ့ပိုးလုပ်ဆောင်မှုတွေ လုပ်သွားမယ်လို့ အဆိုပြုထားခဲ့တာပါ။ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ အစုလိုက် အပြုံလိုက် ၀င်ရောက်လာမှုကြောင့် ခုလို ဘဏ်ဖွင့်လှစ်ဖို့ ဖြစ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကဏ္ဍကနေ ရရှိတဲ့ အမြတ်ငွေဟာ ၂၀၁၄ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရှိခဲ့ပြီး ဒီနှစ်မှာတော့ နှစ်ဆရရှိဖို့ မျှော်မှန်းထားပါတယ်။ အဲဒီကုမ္ပဏီအနေနဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံသူ ဖိတ်ခေါ်ခြင်း၊ အစုရှယ်ယာ ရောင်းချခြင်းတွေ အပါအ၀င် ဆက်စပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အစိုးရဆီက ကနဦး သဘောတူညီမှု ရရှိထားပါတယ်။ ဒီဘဏ်စီမံကိန်းဟာ ခရီးသွားလုပ်ငန်းကဏ္ဍတင် မကဘဲ တခြားဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါ ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
6 years Ago
Up