ခရီးသွားလာခွင့် တားမြစ်မိန့် အမေရိကန် တရားရုံးချုပ် အတည်ပြု

December 5, 2017

ခရီးသွားလာခွင့် တားမြစ်မိန့် အမေရိကန် တရားရုံးချုပ် အတည်ပြု

သမ္မတ ဒေါ်နယ်ထရမ့် နောက်ဆုံးထုတ်ပြန်တဲ့ ခရီးသွားလာခွင့် တားမြစ်မိန့်ကို  အမေရိကန် တရားရုံးချုပ်က ဒီဇင်ဘာလ ၄ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ တရားရုံးချုပ်မှာ ၂ ဦးကန့်ကွက်ပြီး ကျန် ၇ ဦးက တားမြစ်မိန့်ကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ အခု ခရီးသွားလာခွင့် တားမြစ်မိန့်ဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံ ၆ နိုင်ငံဖြစ်တဲ့  ချက်ဒ်၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီးယား၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတို့က လူတွေကို အမေရိကန်ပြည်ထောင်စုထံ ဝင်ရောက်ခွင့် တားမြစ်သွားမှာ ဖြစ်ပါတယ်။ သမ္မတ ထရမ့်ဟာ တာဝန်ထမ်းဆောင်ပြီး တပတ်အကြာမှာ ခရီးသွားလာခွင့် တားမြစ်ရေး မူဝါဒကို အကောင်အထည်ဖော်ဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။ သမ္မတ ထရမ့်က အမေရိကန်ပြည်ထောင်စုကို အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့  အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ ခရီးသွားလာခွင့် တားမြစ်မိန့်ဟာ လိုအပ်တယ်ဆိုပြီး ပြောကြားခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up