ဇွန်လကနေ စတင်ပြီး စင်ကာပူနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေရဲ့ လက်ဗွေတွေကို ရယူသွားမှာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှကို အကြမ်းဖက်သမားတွေ ခြိမ်းခြောက်မှု ပိုများလာတဲ့ အချိန်မှာ လုံခြုံရေး ပိုမိုကောင်းမွန်စေဖို့ အတွက် လုပ်ဆောင်တာလို့ ပြည်ထဲရေး ၀န်ကြီးက ဇန်န၀ါရီ ၂၇ ရက်က ပါလီမန်မှာ ပြောပါတယ်။
၂၀၁၆ ဇွန်ကနေ စတင်ပြီး ရောက်လာသူအားလုံးရဲ့ လက်ဗွေရာကို စစ်ဆေးရေး ဂိတ်တွေက ရယူသွားမှာလို့ ၀န်ကြီး ဒက်စမွန်လီက ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်တဲ့အတွက် ခရီးသွားတွေကို စင်ကာပူကို ၀င်ခွင့်မပြုခင် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၁၄ ရက် အင်ဒိုနီးရှား ဂျာကာတာ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် လုံခြုံရေး အတွက် စင်ကာပူက တိုးမြှင့်လုပ်ဆောင်တာလို့ ဆိုပါတယ်။
7 years Ago