ခရီးသည်တင်ယာဉ်

December 6, 2020

ဘရာဇီးနိုင်ငံတွင် ခရီးသည်တင်ယာဉ် ၁ စီး တံတားပေါ်မှပြုတ်ကျ၊ ၁၄ ဦးသေဆုံး

ဘရာဇီးနိုင်ငံ မီးနပ်စ် ဂျေရီးယပ်စ်ပြည်နယ်မှာ ဒီဇင်ဘာ ၄ ရက်က ကုန်းကျော်တံတားတစင်းပေါ်ကနေ ဘတ်စ်ကားတစီး ပြုတ်ကျခဲ့တာကြောင့် လူ ၁၄ ယောက်ထက် မနည်း သေဆုံးပြီး ၂၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ခရီးသည် အယောက် လေးဆယ်ကို တင်လာတဲ့ ဘတ်စ်ကားဟာ ဂျောင်းမွန်လေဗာဒေ မြို့ကနေ ထွက်လာအပြီး ၄၉ ပေ မြင့်တဲ့ တံတားပေါ်ကနေ ပြုတ်ကျခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အရေးပေါ်ဌာနက တာဝန်ရှိသူတွေ ချက်ချင်း ရောက်လာပြီး သေဆုံးဒဏ်ရာရသူတွေကို ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရသူ အများအပြားကို ဆေးရုံတင် ကုသပေးခဲ့ပါတယ်လို့ ဆိုပါတယ်။ ဘတ်စ်ကားဟာ စက်ချို့ယွင်းပြီး ခုလို ပြုတ်ကျတာလို့ အခင်းဖြစ်ရာကို ရောက်လာတဲ့ မီးသတ်သမားတွေက ပြောပါတယ်။
1 year Ago

September 13, 2020

မကွေးတိုင်း၌ တိုင်းကျော်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ ယာယီရပ်နား

မကွေးတိုင်းအတွင်း တိုင်းကျော်ပြေးဆွဲနေတဲ့ ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို စက်တင်ဘာ ၁၄ ရက်နေ့ကစတင်ပြီး ယာယီ ရပ်နားဖို့ ညွှန်ကြားချက် ထုတ်ထားတယ်လို့ ချောက်မြို့နယ် ယာဉ်ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။ “ပထမကတော့ အားလုံး ယာယီရပ်နားရမလို ဖြစ်လိုက်သေးတယ်၊ နောက်မှ ဒီတိုင်းတွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ ပုံမှန်အတိုင်း စည်းကမ်းချက်နဲ့အညီ သွားလာမှုတွေကို ဆက်လက်ခွင့်ပြုတယ်လို့ ညွှန်ကြားစာထွက်လာတာ။” တိုင်းကျော်ပြည်ကျော် ပြေးဆွဲနေတဲ့ ယာဉ်တွေကို ယာယီ ရပ်တန့်လိုက်တာဖြစ်ပြီး တိုင်းအတွင်း မော်တော်ယာဉ်တွေကိုတော့ ကိုဗစ်-၁၉ ကာလ သတ်မှတ်ချက်တွေနဲ့အညီ ဆက်လက် ပြေးဆွဲခွင့်ပြုထားတယ်လို့ သိရပါတယ်။ တိုင်းပြေးနေတဲ့ အချို့မော်တော်ယာဉ်လိုင်းတွေဟာ ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာပြီးနောက် ယာယီ ရပ်နားထားကြတယ်လို့ သိရပါတယ်။ အခုလို ယာယီရပ်နားတာဟာ ကိုဗစ်-၁၉ ကာလအတွင်း ဒုတိယအကြိမ် ရပ်နားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလဆန်းကနေ ဇွန်လဆန်းအထိ ပထမအကြိမ် ယာယီရပ်နားထားခဲ့ရပါတယ်။ ဒါ့အပြင် မကွေးတိုင်းအတွင်း စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး ည ၁၂ နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်တော့မယ်လို့ သိရပါတယ်။ မကွေးတိုင်းအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးထိ တွေ့ရှိထားပြီး ၃ ဦး ရောဂါပိုးကင်းစင်ကာ ၉ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း - ကိုလင်း(ချောက်)
1 year Ago
More News
Up