ခရီးသည်

May 28, 2021

ပြည်ပထွက်ခွာမည့် လေကြောင်းခရီးသည်အားလုံး အနည်းဆုံး ၁၀ ရက် ကြိုတင်စာရင်းပေးရမည်

မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေအပါအဝင်  အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးသည် အားလုံး လေယာဉ်မစီးခင် လက်မှတ်တွေကို အနည်းဆုံး ၁၀ ရက်  ကြိုတင်စာရင်းပေးထားကြဖို့ စစ်ကောင်စီက ကြေညာထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာထားပါတယ်။

လေကြောင်းလိုင်းတွေနဲ့ ခရီးစဉ်အေးဂျင့်တွေလည်း ဒီစည်းမျဉ်းအသစ်ကို စတင်လိုက်နာကျင့်သုံးနေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် မနက်ဖန် မေလ ၂၉ ရက် စနေနေ့ကစပြီး မြန်မာနိုင်ငံအပါအဝင် ကိုဗစ်-၁၉ အန္တရာယ်ကြီးတဲ့ နိုင်ငံတွေကနေ စင်ကာပူနိုင်ငံကို တထောက်နားဖို့ ဝင်လာတဲ့ခရီးသည်တွေဟာ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ စစ်ဆေးချက်ရလဒ် Negative အဖြေ ၂ ခါရရှိရမယ်လို့ စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းလည်း အမေရိကန်သံရုံးက အသိပေးထားပါတယ်။ 

ဒီသတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ဝက်ဆိုက်မှာ ကြေညာချက်ထုတ်ပြန်ထားပြီး ဒီသတိပေးချက်ပါ အကြောင်းအရာတွေကို မြန်မာနိုင်ငံရောက် အမေရိကန်တွေ၊ အဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက နီးစပ်ရာအသိတွေကိုလည်း ဝေမျှကြဖို့လည်း လမ်းညွှန်ထားပါတယ်။

2 weeks Ago

December 18, 2020

PPE ဝတ်စုံဝတ် ပြည်တွင်းလေကြောင်း ခရီးသည်များ (ဓာတ်ပုံ)   

ပြည်တွင်း လေကြောင်းခရီးစဉ်တွေ   ပြန်လည်ပြေးဆွဲနေရာမှာ  လေကြောင်းလိုင်းတွေနဲ့ လိုက်ပါကြမယ့် ခရီးသည်တချို့ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့ PPE ဝတ်စုံတွေ ဝတ်ပြီး ခရီးသွားနေတာကို မြင်တွေ့ရပါတယ်။ တချို့ခရီးသည်တွေကတော့ ပုံမှန် နှာခေါင်းစည်း Mask နဲ့ မျက်နှာအကာတွေ ဝတ်ဆင်ခရီးသွားကြတာရှိသလို လေကြောင်းလိုင်း အမှုထမ်းတွေနဲ့ လေယာဉ်ကွင်းဝန်ထမ်းတွေ ကလည်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask နဲ့ မျက်နှာအကာတွေ တပ်ဆင်တာတွေ့ရပါတယ်။ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းတွေနဲ့ လေယာဉ်စီးခရီးသည်တွေ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (SOP)နဲ့ အညီဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။  ပြည်တွင်းလေကြောင်းခရီးသွားတွေအနေနဲ့ ၃၆ နာရီအတွင်း ကိုဗစ်-၁၉ ကင်းစင်ကြောင်း လက်မှတ်၊ လေယာဉ်လက်မှတ်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပြသနိုင်မှသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမယ်လို့ ရန်ကုန် လေဆိပ်က ကြေညာထားပါတယ်။ Photo - Nyein Chan Oo / MPA
6 months Ago
More News
Up