ခရီးသည် ၃၁ ဦးတင်ဆောင်လာသည့်

January 29, 2017

ခရီးသည် ၃၁ ဦးတင်ဆောင်လာသည့် မလေးရှားခရီးသည်လှေ ပျောက်ဆုံး

အနည်းဆုံး တရုတ်ခရီးသွားဧည့်သည် ၂၈ ဦး အပါအဝင် ၃၁ ဦးသယ်ဆောင်လာတဲ့ လှေတစ်စီးဟာ မလေးရှားကမ်းရိုးတန်းမှာ ပျောက်ဆုံးနေတယ်လို့ ရေတပ်အာဏာပိုင်တွေက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ အရှေ့ဘက်ပြည်နယ်တစ်ခုဖြစ်တဲ့ ဆာဘာကနေ ဇန်နဝါရီ ၂၈ ရက်နေ့ မနက်က ထွက်သွားတဲ့ လှေနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဆိုပါတယ်။ ရာသီဥတု ဆိုးရွားနေလို့ ရှာဖွေတာနဲ့ ကယ်ဆယ်ရေးတွေလုပ်ဖို့ အခက်အခဲ အတားအဆီးဖြစ်နေတယ်လို့ မလေးရှားရေတပ်ဌာနအေဂျင်စီက ပြောပါတယ်။ ပျောက်ဆုံးနေတဲ့လှေဟာ ဇန်နဝါရီ ၂၈ ရက်နေ့က ဒေသစံတော်ချိန် မနက် ၉ နာရီလောက်မှာ ကိုတာကီနာဘလူမြို့တော်မှ ထွက်ခွာသွားပြီး မြို့တော်ရဲ့အနောက်ဘက် ၆၀ ကီလိုမီတာအကွာရှိ ခရီးသွားတွေ စိတ်ဝင်စား ထင်ရှားတဲ့ ပူလောမန်ဂလမ်ကျွန်းကို ဦးတည်ထွက်ခွာသွားတာပါ။ ဒီလှေပေါ်မှာ လှေဝန်ထမ်း ၃ ဦး ပါသွားတယ်လို့ မလေးရှားရေတပ်ဌာန အေဂျင်စီက ပြောပါတယ်။ နယူးစ်စထရိတ်တိုင်းမ်သတင်းအရ ကိုတာကီနာဘလူနဲ့ ပူလောမန်ဂလမ်ကြား ရေမိုင် ၄၀၀ ဧရိယာမိုင်အတွင်းကို ရှာဖွေမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
4 years Ago
Up