ခရီးသည်များဖမ်းဆီး (ရုပ်သံ)

April 5, 2018

ဘတ်စ်ကားပေါ် ကျောင်းသူအား လိင်ပိုင်းစော်ကားသူကို ခရီးသည်များဖမ်းဆီး (ရုပ်သံ)

ဘတ်စ်ကားပေါ်မှာ ကျောင်းသူလေးတဦးကို အမျိုးသားတဦးက လိင်ပိုင်းထိကိုင်ခဲ့လို့ ဒေါသဖြစ်နေတဲ့ ကျန်ခရီးသည်တွက ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ပြီး ကားသမားကလည်း ရဲစခန်းဆီ တိုက်ရိုက်မောင်းခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယီဘင်မြို့က ဘတ်စ်ကားပေါ်မှာ ဖြစ်ခဲ့ပြီး ကားပေါ်က စောင့်ကြည့်ရုပ်သံထဲမှာ ခရီးသည်တွေ အမျိုးသားကို ဖမ်းဆီးနေတာ မြင်ရပါတယ်။ အမျိုးသားက ကျောင်းသူလေးကို ထိကိုင်လိုက်စဉ် “ခင်ဗျား နှာဗူး” ပဲလို့ ကျောင်းသူလေး အော်လိုက်တဲ့အတွက် တခြားခရီးသွားတွေက သူမဘက်က ရပ်တည်ခဲ့သလို ကားသမားကလည်း ကားကို လမ်းကြောင်းပြောင်းကာ အနီးဆုံးရဲစခန်းကို မောင်းခဲ့တယ်လို့ သတင်းမှာ ထုတ်ပြန်ထားပါတယ်။ အခုလို ထိကိုင်ခဲ့တဲ့ အမျိုးသားကို ထောင် ၅ ရက် ချခံရကြောင်း ဒေသခံ သတင်းမီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး တရုတ်နိုင်ငံရဲ့ တခြားမြို့တမြို့မှာလည်း မကြာခင်က ဖြစ်ခဲ့ပြီး အာဏာပိုင်တွေကို အကြောင်းမကြားခင် စော်ကားခံရသူက စော်ကားခဲ့တဲ့ အမျိုးသားကို ဒူးထောက် တောင်းပန်ခိုင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ဂျိုးမြို့က ဘတ်စ်ကားပေါ်မှာ အမျိုးသားတဦးက အမျိုးသမီးငယ်တဦးကို လိင်ပိုင်းထိကိုင်ခဲ့လို့ အမျိုးသားကို ရဲစခန်းမပို့ခင် ခံရသူအမျိုးသမီးက ပါးရိုက်ခဲ့သေးတယ်လို့ မေရာသတင်းတပုဒ်မှာ ဧပြီ ၄ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up