ခရီးသည်တင်လေယာဉ် စတင်ပြေးဆွဲ (ရုပ်သံ)

May 5, 2017

တရုတ်နိုင်ငံထုတ် ပထမဆုံး ခရီးသည်တင်လေယာဉ် စတင်ပြေးဆွဲ (ရုပ်သံ)

  တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ ပထမဆုံး ခရီးသည်တင် ဂျက်လေယာဉ်ဟာ သူ့ရဲ့ပထမဆုံး ခရီးစဉ်ကို မေ ၅ ရက်နေ့မှာ တရုတ်နိုင်ငံ ရှန်ဟိုင်း ပုဒုံ နိုင်ငံတကာ လေယာဉ်ကွင်းကနေ စတင်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ ပထမဆုံး အကြီးစားခရီးသည်တင် ဒီလေယာဉ်ကို C919 လို့ အမည်ပေးထားပြီး ခရီးသည် ၁၅၈ ဦး သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ ကိုယ်ထည် သွယ်လျလျတည်ဆောက်ထားတဲ့ အဲဒီလေယာဉ်ဟာ အကျိုးအမြတ်များတဲ့ ဂျက်လေယာဉ်ထုတ်လုပ်ရေး ဈေးကွက်မှာ ဘိုး၇င်း 737 လေယာဉ်နဲ့ အဲဘတ်စ် အေ 320 တို့ကို ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဂျက်လေယာဉ် ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်တန်ဖိုးဟာ နောက်အနှစ် ၂၀ မှာ အမမေရိကန်ဒေါ်လာ သန်းပေါင်း ၂ သန်းခန့်ရှိလာမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဝယ်ယူသူ ၂၃ ဦးဆီကနေ C919 ဂျက်လေယာဉ် အစီး 570 အော်ဒါလက်ခံရရှိထားပြီလို့ တရုတ်လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်း COMAC က ပြောပါတယ်။
4 years Ago
Up