ရုရှားနိုင်ငံ၊ မော်စကိုမြို့ Vnukovo အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်တင် လေယာဉ်တစီးဟာ ဆိုချီမြို့ကို ပျံသန်းဖို့ ထွက်ခွာချိန် လေထုထဲမှာ အင်အားပြင်းလျှပ်စီး ထိမှန်ခဲ့ပါတယ်။
အဆိုပါလေယာဉ်ဟာ ပေ ၂၀၀၀ အမြင့်မှာ ပျံသန်းနေချိန်အတွင်း ခုလိုထိမှန်သွားခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြပါတယ်။
“ဒီလိုလေယာဉ်ကြီး ပြင်းအားမြင့်လျှပ်စီးထိသွားတာကို မြေပြင်ကကြည့်ရတာ တော်တော်ကို ထိတ်လန့်စရာကောင်းပါတယ်။ ဒီအဖြစ်အပျက်ကို လေယာဉ်ပေါ်က ခရီးသည်တွေ မြင်ခဲ့ရင်လည်း တော်တော်ကို ကြောက်ကြမှာပဲရှင့်” လို့ ရုပ်သံဗွီဒီယိုဖိုင်ကို မျှဝေခဲ့တဲ့ မုန်တိုင်းစောင့်ကြည့်လေ့လာသူ ဂျူလီယာမူဆီနာက ပြောပါတယ်။
“လေယာဉ်ကိုကြည့်ရတာ ဘာမှမဖြစ်သလိုနဲ့ ဆက်ပျံသွားတယ်၊ ကြောက်တတ်တဲ့ လေယာဉ်စီးသူတွေအတွက်တော့ ဒါက သိပ်မကောင်းလှဘူး။ ကျမသူငယ်ချင်းက ဒါကို မှတ်တမ်းတင်နိုင်ခဲ့တာ။”
လေယာဉ်ဟာ ဆိုချီလေဆိပ်မှာ ဆင်းသက်ခဲ့ပြီး မြေပြင်ဝန်ထမ်းတွေက လေယာဉ် ထိခိုက်ပျက်စီးသွားခြင်း ရှိမရှိကို စစ်ဆေးခဲ့ကြပါတယ်။
အဲဒီနောက် လေယာဉ်မောင်းတဲ့သူ ၂ ဦးကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပြီး လေယာဉ်ကို နည်းပညာပိုင်းအရ စစ်ဆေးဖို့ ပို့ထားတယ်လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ဆိုက်ရောက်ရာလေဆိပ်က လေယာဉ်အကြိုစစ်ဆေးမှုကနေလည်း လျှပ်စီးထိတာကြောင့် အပျက်အစီးအနည်းငယ် တွေ့ခဲ့ပါတယ်။”
ခုလို လေယာဉ်ပျံသန်းချိန်အတွင်း လျှပ်စီးထိမှန်တာဟာ ဒီလေယာဉ်က ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း လန်ဒန်ကို ထွက်ခွာမယ့် ခရီးသည်တင်လေယာဉ်တစီးဟာ ဟီးသရိုးလေဆိပ်နားမှာ လျှပ်စီးထိမှန်ခဲ့ပါသေးတယ်။
ဒီအတောအတွင်း အနည်းဆုံး လေယာဉ်သုံးစီးလောက် လျှပ်စီးထိခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago