ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်တို့ကို ဆင်ကြီး တိုက်ခိုက်

December 11, 2017

ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်တို့ကို ဆင်ကြီး တိုက်ခိုက် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ခရိုင်ထဲမှာ ဒီဇင်ဘာ ၉ ရက်နေ့က ခရီးသည်တင်ကားကြီးတစီးနဲ့ ကုန်တင်ထရပ်ကားတစီးကို ဆင်ကြီးတကောင် တိုက်ခိုက်ခဲ့လို့ ယာဉ်တွေ ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ သစ်တောအာဏာပိုင်တွေနဲ့ ဒေသခံတွေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ဆင်ကြီးက ခရီးသည်တင် ဘတ်စ်ကားကြီးအနီး ချဉ်းကပ်လာပြီး ကားလေကာမှန်ကို အတင်းတွန်းနေတာပါ။ ဒီလိုတွန်းလှဲနေတာ ကားပေါ်မှာ တယောက်တည်းရှိတဲ့ ယာဉ်မောင်းရဲ့ အသက်အန္တရာယ် စိုးရိမ်ရပေမယ့် ကံကောင်းစွာနဲ့ ထိခိုက်ဒဏ်ရာမရဘူးလို့ သိရပါတယ်။ ဒီနောက် ဆင်ကြီးဟာ ဘတ်စ်ကားနားမှာ ရပ်ထားတဲ့ ထရပ်ကားကိုပါ ဆက်တွန်းနေတာပါ။ ထရပ်ကားထဲမှာတော့ ဘယ်သူမှ ရှိမနေဘူးလို့ သိရပါတယ်။ နောက်ပိုင်းမှာ ဆင်ကြီး ထွက်သွားပြီး ဘတ်စ်ကားယာဉ်မောင်းကို ဘေးလွတ်ရာ ခေါ်ဆောင်သွားရပါတယ်။ သစ်တောအာဏာပိုင်တွေ အပြောအရ အဲဒီဒေသနားမှာ ဆင်တွေ အရမ်းပေါတယ်၊ ဒါကြောင့် ဆင်တွေရဲ့ လှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်ပြီး ဒေသခံတွေကို သတိပေးသွားမယ်လို့ စီဂျီတီအန်သတင်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up