ခရီးသည်တင်ယာဉ်လိုင်း

July 24, 2018

ရေကြီးမှုကြောင့် ကော့သောင်းမြို့က ခရီးသည်တင်ယာဉ်လိုင်းအချို့ ရပ်နား

တနင်္သာရီတိုင်းအတွင်း ရေကြီးနေတာကြောင့်  ကော့သောင်းမြို့က မြိတ်-ထားဝယ် သွားတဲ့ ခရီးသည်တင်ယာဉ်လိုင်းတချို့ ရပ်နားထားရတယ်လို့ ကော့သောင်းမြို့ အဝေးပြေး ကားလက်မှတ် အရောင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကော့သောင်းမြို့ မိုးကောင်းကင် ကားဂိတ်မှူးက “အဝေးပြေးယာဉ်လိုင်းတွေအနက်က မိုးကောင်းကင်၊ မန္တလာမင်း၊ အန်တီဝင်း စတဲ့ လေအိတ်ကားကြီးတွေ နားထားတာ ၃ ရက်လောက်ရှိပြီ၊  မြို့ထဲက ယာဉ်လိုင်းငယ်တွေကတော့ ထွက်နေပါတယ်။ ဟိုရောက်ရင် ဇက်နဲ့ ဖြတ်ရတယ်။ ကားကြီးတွေ ထွက်ရင်လည်း လမ်းမှာ ခရီးလမ်းက အဆင်မပြေတော့ ခရီးသည်တွေပဲ ပင်ပန်းမှာလေ။ ဒါကြောင့် ခဏတော့ နားထားသေးတယ်”လို့ ပြောပါတယ်။ တနသာင်္ရီမြစ်ရေဟာ အခု ဆက်လက်ကျဆင်းနေပြီး မိုးမရွာလို့ တောင်ကျရေ မဆင်းရင်တော့ ၁ ရက်၊ ၂ ရက်အတွင်း ရေပြန်ကျသွားနိုင်တယ်လို့ တနသာင်္ရီ မြစ်ရေစောင့်ကြည်ရေးအဖွဲ့က ပြောပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒဌာနကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကွက်ကျား မိုးများနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ လတ်ကိုကိုဦး
3 years Ago
Up