ခရီးသည်တင်ကား တံတားပေါ်မှထိုးကျ

April 23, 2018

မြောက်ကိုရီးယားတွင် တရုတ်ကမ္ဘာလှည်ခရီးသည်တင်ကား တံတားပေါ်မှထိုးကျ

  မြောက်ကိုရီးယားနိုင်ငံမှာ ဧပြီ ၂၂ ရက်နေ့က တရုတ်ကမ္ဘာလှည့်ခရီးသည်တွေကို တင်ဆောင်လာတဲ့ ယာဉ်တစီး မတော်တဆမှု ဖြစ်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာန  CCTV ကကြေညာပါတယ်။ ယာဉ်မတော်တဆမှုဟာ မြောက်ကိုရီးယားရဲ့ မြောက်ပိုင်း ဟွမ်ဟဲပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး အခင်းနေရာကို တရုတ်သံတမန်တွေ အမြန်သွားရောက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ၀က်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် လူဘယ်နှဦး သေဆုံးပြီး ဘယ်နှဦး ဒဏ်ရာရလဲဆိုတာကိုတော့ ဖော်ပြခြင်း မရှိပါဘူး။ ဧပြီ ၂၃ ရက်နေ့က  နိုင်ငံပိုင်သတင်းဌာနရဲ့  အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းမှာတော့ အဆိုပါ တရုတ်ခရီးသည်တင်ယာဉ်ဟာ တံတားပေါ်ကနေ ထိုးကျပြီး လူ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပြီး နောက်ပိုင်း  အဲဒီဖော်ပြချက်ကို ပြန်လည်ဖျက်ခဲ့ပါတယ်။ မြောက်ပိုင်း ဟွမ်ဟဲပြည်နယ်ဟာ တောင်ကိုရီးယားနဲ့ နယ်နိမိတ် ထိစပ်နေပြီး ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ရာ ရှေးဟောင်း ခေးဆောင်မြို့တော် တည်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up